Powered by Blogger.

ချယ်လ်ဆီးတိုက်စစ်မှူး Diego Costa ရဲ့လုပ်ရပ်တွေကို သတိထားဖို့ Arsene Wenger သတိပေးထား




အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်တဲ့ Arsene Wenger ကတော့ သူတို့ရဲ့ ကစားသမားတွေအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး Diego Costa နဲ့  ထိပ်တိုက်ရင်ဆိုင်ရတဲ့ အခါမှာ သတိထားဖို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့တွေ့ဆုံခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ချယ်လ်ဆီးတိုက်စစ်မှူး Diego Costa ရဲ့ အာဆင်နယ်နောက်တန်း ကစားသမားတွေကို ဆွပြီးကစားခဲ့တဲ့ လုပ်ရပ်တွေကြောင့် ပထမပိုင်းမှာတင် နောက်ခံလူ Gabriel အထုတ်ခံခဲ့ရပြီး အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ရပါတယ်။

Costa ဟာ အခုရာသီမှာတော့ ပြိုင်ဘက်နောက်တန်းတွေနဲ့ အလားတူ ကိစ္စမျိုးတွေ ခဏခဏ ကြုံတွေ့ခဲ့ရပြီးတော့ သူကိုယ်တိုင်လည်း အရေးယူမှုတွေကို ခံခဲ့ရပါတယ်။ ဒါ့ကြောင့် အခုလို အရေးကြီးတဲ့ အချိန်မှာ ချန်ပီယံပြေးလမ်းပေါ်ရောက်နေတဲ့ အာဆင်နယ်အသင်းအနေနဲ့ မနစ်နာသင့်တာကို မနစ်နာစေဖို့ နည်းပြ Arsene Wenger က ပြောကြားလိုက်တာပါ။
 
 အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ၁၉ မှတ်ကွာလျက်ရှိနေပြီးတော့ ကိုယ့်ရဲ့ ပွဲပေါ်ကလွဲရင် အခြားနေရာတွေကို အာရုံမထွေပြားဖို့ကိုလည်း နည်းပြ Arsene Wenger က ထပ်မံပြောဆိုလိုက်တာပါ။


" ကျွန်တော်တို့ ဒီပွဲအတွက် အားလုံးပြင်ဆင်ထားပြီးပါပြီ။ Costa ရဲ့ အကြမ်းဖက်တတ်တဲ့ လုပ်ရပ်တွေ အတွက်ရောပေါ့။ သူ့နောက်မှာတော့ ကိုင်တွယ်မယ့် ဒိုင်ပေါ့။ ကျွန်တော်တို့ကတော့ ကိုယ့်ရဲ့လှုပ်ရှားဟန်ပေါ်မှာပဲ အာရုံစိုက်သွားမှာပဲ။ ဒီပွဲက ပြိုင်ဆိုင်မှုပြင်းထန်လာမယ့်ပွဲတစ်ပွဲပဲ။ ပရီးမီးယားလိဂ်မှာတော့ စိတ်ဝင်စားစရာအကောင်းဆုံးပါပဲ။ ကျွန်တော့် ကစားသမားတွေရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်တွေက နှစ်သင်းလုံးကို အကျိုးသက်ရောက်စေလိမ့်မယ်။ ဒီပွဲရဲ့ ပြိုင်ဆိုင်မှုက အမြင့်ဆုံးရောက်လာပါလိမ့်မယ် " လို့ နည်းပြ Arsene Wenger က ပြောပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment