Powered by Blogger.

Neymar ၊ Muller နဲ့ Benzema တို့ကို မန်ယူမှာ လာရောက် ကစားဖို့ Juan Mata ဖိတ်ခေါ်





မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့  ကစားသမား Juan Mata က အခြားနိုင်ငံတွေမှာ ကစားနေတဲ့ ကစားသမားတွေကို ပရီးမီးယားလိဂ်ကိုလာရောက်ပြီး သူ့လိုမျိုး ဘောလုံး ကစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မန်ချက်ယူနိုက်တက် အသင်းရဲ့  အလယ်တန်းကစားသမား Juan Mata က အခြားနိုင်ငံတွေမှာ လက်ရှိ ကစားနေတဲ့ Neymar ၊ Thomas Muller နဲ့ Karim Benzema တို့ကို အိုးထရက်ဖို့ဒ် ကွင်းသို့ လာရောက် ကစားစေချင်နေတယ်လို့ သိရပါတယ်။ Mata က အခိုင်အမာ ဆိုခဲ့တာက အဲဒီကစားသမားတွေဟာ အင်္ဂလိပ် ဘောလုံးလောက ကို နှစ်သက်ကြမှာပါတဲ့။

"ကျွန်တော်ဟာ ဒီနိုင်ငံက ဘောလုံးနဲ့ ပတ်သက်တဲ့အရာရာတိုင်းကို သဘောကျတယ်။လွန်ခဲ့တဲ့ ၄ နှစ်ကျော်လောက်က ကျွန်တော် ဒီကိုရောက်လာပြီးကတည်းက မိနစ်တိုင်းမှာ ပျော်ရွှင်ခဲ့ရတယ်။ ကမ္ဘာမှာရှိတဲ့ အခြား ကစားသမားတွေကိုလည်း ပရီးမီးယားလိဂ် မှာ တစ်ရာသီစာ လောက် လာရောက်ကစားကြည့်စေချင်တယ်။ အဲဒါမှာ သူတို့ ဒီနိုင်ငံ ရဲ့ ဘောလုံးအားကစားနဲ့ ပတ်သက်တဲ့ ထုထည် ဘယ်လောက်ကြီးမားတယ်ဆိုတာသိနိုင်မှာပါ" လို့ ချဲလ်ဆီး ကစားသမားဟောင်းတစ်ယောက်လည်း ဖြစ်တဲ့ Juan Mata က ဆိုပါတယ်။

စပိန်နိုင်ငံသား ကစားကွက်ဖန်တီးရှင် က ပရီးမီးယားလိဂ် ကို အသစ်ဝင်ရောက်လာမယ့် ကစားသမား တိုင်းဟာ ပရီးမီးယားလိဂ် ရဲ့  အရှိန်အဟုန်ကို ရုန်းကန်ပြီး ၀င်ရောက်ရမှာမှန်ပေမယ့် ကစားသမားတိုင်းဟာ ပရီးမီးယားလိဂ် နဲ့ အသားကျဖို့အတွက်တော့ လုံလောက်တဲ့အရည်အချင်းတွေရှိကြပါတယ် လို့ လည်း အခိုင်အမာဆိုထားပါသေးတယ်။

"ပရီးမီးယားလိဂ်ရဲ့  ကစားပုံဟာ အရမ်း ရုပ်ပိုင်းဆိုင်ရာဆိုင်ပါတယ်။ သန်မာတယ် ။ ပိုမိုမြန်ဆန်တယ်။ ဒါကြောင့် သင်ဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အသင့်ရှိနေဖို့လိုပါတယ်။ ဒါပေမယ့် ကျွန်တော်ထင်တာကတော့ ကစားသမားတိုင်းအတွက် ဒါဟာ အသားကျဖို့လွယ်ကူပါတယ်" လို့ Mata က ဆိုခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment