Powered by Blogger.

တန်ကြေးယူရိုသန်း ၁၀၀ လောက်ရှိလာတော့မယ့် Greizmann




အက်သလက်တီကိုအသင်းဟာ သူတို့ရဲ့ icon ကစားသမားဖြစ်တဲ့ Antoine Greizmann ကို  စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေပြီး သူတို့ ကစားသမားရဲ့ တန်ကြေးကို တိုးမြှင့်သွားနိုင်ဖို့ စီစဉ်လျက်ရှိပါတယ်။

စပိန်ဘီလူးတစ်ကောင်ဖြစ်လာတဲ့ အက်သလက်တီကိုအသင်းဟာဆိုရင်တော့ ၂၀၂၀ အထိ သက်တမ်းရှိစေမယ့် သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုဖို့ ကြိုးစားနေပြီး စာချုပ်လျော်ကြေးအပါအဝင် ကစားသမားရဲ့ တန်ကြေးကို ပေါင် ၇၆ သန်းအထိ တိုးမြှင့်သွားနိုင်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ဒီအသက် ၂၄ နှစ်အရွယ်ကစားသမားကိုတော့ ပီအက်စ်ဂျီ ၊ ဘိုင်ယန် ၊ ချယ်လ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် စတဲ့ ဥရောပနိုင်ငံပေါင်းစုံက ဘဏ္ဍာရေးတောင့်တင်းတဲ့ အသင်းကြီးတွေက စိတ်ဝင်စားနေပါတယ်။ ဒ့ါကြောင့် အက်သလက်တီကိုအသင်းကတော့ သူတို့ကစားသမားကို ရောင်းထုတ်လိုက်ရင် ပိုက်ဆံများများရအောင် ကစားသမားကို စာချုပ်သစ်ချုပ်ဆိုလိုနေတာပါ။

စာချုပ်သစ်ထဲမှာတော့ နောက်ထပ်နှစ်နှစ်အတွင်း Greizmann ဟာ အသင်းမပြောင်းဘဲ အက်သလက်တီကိုမှာပဲ ကစားရမှာဖြစ်ပြီး သူ့ရဲ့ အေးဂျင့်ကိုလည်း အနားပေးထားရမယ်ဆိုတာကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ နောက်တစ်ချက်ကတော့ ရီးရဲလ်အသင်းနဲ့ အက်သလက်တီကိုအသင်းတို့ဟာ နောက်ပိုင်းနှစ်တွေမှာတော့ တစ်သင်းက ကစားသမား တစ်သင်းကို ခေါ်ယူခဲ့ခြင်းမရှိခဲ့ဘဲ နှစ်သင်းကြား လူယဉ်ကျေး သဘောတူညီချက်ကို ရယူခဲ့ပါတယ်။

ဒီပြင်သစ်ကစားသမား Greizmann  ဟာ လာလီဂါ ၅၆ ပွဲကစားထားပြီး ၃၂ ဂိုးအထိ သွင်းယူထားနိုင်တာကြောင့် အက်သလက်တီကိုအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် တည်ရှိနေပါတယ်။



( Paing A K )


#သစ်​ထူးလွင်​(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment