Powered by Blogger.

Elneny ကို ခေါ်ယူနိုင်ပြီလို့ Arsene Wenger အတည်ပြု


အာဆင်နယ်နည်းပြ Arsene Wenger ဟာဆိုရင်တော့ ဘေဆယ်ကွင်းလယ်ကစားသမား Mohamed Elneny ကို ခေါ်ယူတဲ့ကိစ္စဟာ အပြီးသတ်ခဲ့ပြီး လာမယ့် စတုတ်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်သွားနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းနဲ့ သုံးဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာတော့ Arsene Wenger က " Elneny ကျွန်တော်တို့နဲ့ လာရောက်ပူးပေါင်းသွားမှာပါ။ ကျွန်တော်တို့နဲ့ သူသဘောတူညီမှု ရရှိခဲ့ပြီး လာတော့မှာပါ။ သူတနင်္ဂနွေနေ့ဆေးစစ်မှုအောင်မြင်ပြီးရင် သူ့ကို အသင်းမှာ စမြင်တွေ့ရတော့မှာပါ။ "

Elneny ဟာ အလုပ်ပါမစ်နဲ့ ဗီဇာနှစ်ခုလုံး ရရှိအောင် လုပ်ဆောင်ရအုံးမှာဖြစ်ပြီး အသင်းနဲ့ လက်မှတ်ထိုးဖို့ အဆင့်သာကျန်တော့တာဖြစ်ပါတယ်။
မြောက်လန်ဒန်မြို့ခံအသင်းဟာ ဒီရဲ့ အီဂျစ်လက်ရွေးစင်ကစားသမားကို ပေါင်ခုနစ်သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီခဲ့တာပါ။ Elneny ဟာ ကွင်းလယ်လူ ပြဿနာကြုံတွေ့နေရတဲ့ အာဆင်နယ်အသင်းအတွက်တော့ အကျိုးရှိစေတဲ့ အားဖြည့်ခေါ်ယူမှုတစ်ခုဖြစ်နိုင်ပါတယ်။

သူဟာ ဒဏ်ရာရသွားတဲ့ ကွင်းလယ်လူ Coquelin နေရာမှာ အစားထိုးဝင်ကစားဖို့ Arsene Wenger ကတော့ ရည်ရွယ်လျက်ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဇယားထိပ်မှာ ရပ်တည်နေဆဲဖြစ်ပြီး လက်စတာအသင်းနဲ့ အမှတ်တူ ဂိုးကွာအနေအထားမှာ ရှိနေပါတယ်။ Elneny ဟာ အာဆင်နယ်အသင်းရဲ့ ပထမဆုံးခေါ်ယူမှုလည်း ဖြစ်လာပါလိမ့်မယ်။ 


( Paing A K )

#သစ်​ထူးလွင်​(အားကစား)
#sports.thithtoolwin.com

Ref : ESPN
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment