Powered by Blogger.

ရီးရဲလ်ကွင်းလယ်လူ Kroos ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်ယူ



မန်ယူအသင်းဟာ ရီးရဲလ်ကွင်းလယ်ကစားသမား Toni Kroos ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ စပိန်သတင်းတွေက ဖော်ပြပါတယ်။ ဒီကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီနိုင်ငံသား Kroos  ကို ဖော်ယူနိုင်ဖို့ မန်ယူဟာ ပေါင်သန်းလေးဆယ်လောက် အသုံးပြုသွားမှာဖြစ်ပြီး ရီးရဲလ်မှာ ပုံမှန်ပွဲထွက်ခွင့် မရနိုင်တော့တာကြောင့် သူ့ရဲ့ အေးဂျင့်ဖြစ်သူကို အသင်းသစ်ရှာဖွေခိုင်းထားတယ်လို့လည်း သိရပါတယ်။

ဒီကစားသမားကိုတော့ ချယ်လ်ဆီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ကလည်း စိတ်ဝင်စားနေလျက်ရှိပြီး Kroos ရဲ့ အေးဂျင့်ဖြစ်သူက သုံးသင်းစလုံးက ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေအရသိရပါတယ်။ ဒီရာသီမှာတော့ ဘောလုံးလောကမှာ နိုင်ငံခြား ပြောင်းရွှေ့မှုတွေကို အတော်များများ မြင်ရဖွယ်ရှိနေပြီး စပိန်လာလီဂါရဲ့ ကစားသမားတွေကို အင်္ဂလန်ပရီးမီးယားလိဂ်အသင်းတွေက ပထမ ဦးစားပေးအဖြစ် စောင့်ကြည့်နေလျက်ရှိပါတယ်။

အခြားသတင်းအနေနဲ့ မန်ယူအသင်းရဲ့ အင်္ကျီ စပွန်ဆာဖြစ်တဲ့  Adidas ကုမ္ပဏီကတော့ မန်ယူအသင်းရဲ့ ပုံရိပ်တွေ ကျဆင်းလာတာကြောင့် အသင်းကို ပြောင်းလဲမှုကြီးကြီးမားမားတွေ ပြုလုပ်စေချင်နေပြီး ဘိုင်ယန်နည်းပြဖြစ်တဲ့ Guardiola ကို အရခေါ်ဖို့ တိုက်တွန်းနေတယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့် ငွေကြေးများစွာ တတ်နိုင်နေတဲ့မန်ယူအသင်းဟာ ဘောလုံးလောကမှာ ကစားချင်ရာအကောင်းဆုံးအသင်းတစ်သင်းဖြစ်လာလိမ့်မယ် လို့လည်း ခန့်မှန်းနေကြပါတယ်။ Adidas ဟာ Messi နဲ့ Pep Guardiola တို့ကို အဝတ်အစားစပွန်ဆာပေးထားတာဖြစ်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ ရင်းနှီးမှုတွေကို အသုံးပြုပြီး Guardiola ကို မန်ယူအသင်းကို အရခေါ်ဖို့ ကြံရွယ်လျက်ရှိတယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Telegraph
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment