Powered by Blogger.

ဝက်စ်ဘရွန်းတိုက်စစ်မှူး Berahino ကို ပေါင်သန်းနှစ်ဆယ်နဲ့ ကြားဖြတ်ခေါ်ယူဖို့ ချယ်လ်ဆီး ကြိုးပမ်းလာ


ချယ်လ်ဆီးအသင်းဟာ စပါးအသင်းက ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဝက်စ်ဘရွန်းအသင်းရဲ့ အဓိက တိုက်စစ်မှူး Berahino ကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူဖို့ နီးစပ်လာတယ်လို့ သိရပါတယ်။ ဝက်စ်ဘရွန်းအသင်းဟာ စပါးအသင်းရဲ့ ပြီးခဲ့တဲ့နွေရာသီက ကြိုးပမ်းမှုကို ပယ်ချဖူးခဲ့ပြီးတော့ ချယ်လ်ဆီးအသင်းက အားနည်းနေတဲ့ တိုက်စစ်နေရာအတွက် အခုလို ချဉ်းကပ်လာခဲ့တာပါ။

ဒါပေမယ့်လည်း စပါးအသင်းကတော့ သူတို့ရဲ့ ကာလရှည် ကြိုးစားနေတဲ့ တိုက်စစ်မှူးကို လွယ်လွယ်နဲ့ လက်လျှော့သွားအုံးမှာ မဟုတ်ဘဲ ချယ်လ်ဆီးအသင်းနဲ့ အပြိုင်ကြိုးပမ်းသွားအုံးမှာဖြစ်ပါတယ်။ စပါးအသင်းကတော့ ပေါင် ၂၃ သန်းပတ်ဝန်းကျင်နဲ့ ဒီကစားသမားကို ခေါ်ယူဖို့ ကြိုးစားနေပြီး သူတို့ရဲ့ ကစားသမား Townsend ကိုလည်း အလိုက်ပေးသွားနိုင်ဖွယ်ရှိနေပါတယ်။

ချယ်လ်ဆီးနည်းပြ Guus Hiddink ကတော့ သူ့ရဲ့ ရှေ့တန်းတိုက်စစ်တစ်နေရာအတွက် အားဖြည့်မှုတွေ ပြုလုပ်နေပြီး ဝက်ဟ်ဘရွန်းအသင်းရဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့ကို အခုလိုပြင်ဆင်လာတာပါ။ Berahino ရဲ့ တန်ကြေးကိုတော့ ပေါင်သန်းနှစ်ဆယ်လောက်အနည်းဆုံး သတ်မှတ်ထားပြီး ဒီအပြောင်းအရွှေ့မှာတော့ အလှုပ်ခတ်ဆုံးဖြစ်နေခဲ့တာပါ။


( Paing A K )


#သစ်​ထူးလွင်​(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment