Powered by Blogger.

FIFA Ballon d'Or ဆုကို Messi ရရှိပြီးနောက် Ronaldo ရဲ့ ကြေးရုပ်ထု ဖျက်ဆီးခံရ




ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို Messi က ဒီရာသီမှာ ငါးကြိမ်မြောက်ရယူနိုင်ခဲ့ပါတယ်။ သူနဲ့ အနီးစပ်ဆုံး ပြိုင်ဘက်တွေဖြစ်တဲ့ Ronaldo ကတော့ သူ့ရဲ့နောက်မှာပဲ ဒုတိယနေရာကနေ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီလို Ronaldo ကတော့ Messi ရဲ့ ကျော်တက်မှုကိုခံခဲ့ရပြီးတဲ့နောက်မှာတော့ Ronaldo ရဲ့ မွေးရပ်မြေ ပေါ်တူဂီနိုင်ငံ မာဒီးရားမြို့မှာ တည်ရှိတဲ့ Ronaldo ရဲ့ ပုံတူကြေးရုပ်ထုကတော့ ဖျက်ဆီးမှုတွေ ပြုလုပ်ခံခဲ့ရပါတော့တယ်။


Ronaldo ဟာ ပြီးခဲ့တဲ့နှစ်ကတော့ အကောင်းဆုံးပုံစံတစ်ခုကို ထိန်းထားနိုင်ခဲ့ပေမယ့်လည်း အောင်မြင်မှုဆုဖလားတွေ ရယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ဒီဆုကို လွဲချော်ခဲ့ရတာပါ။ Ronaldo ရဲ့ ခံပြင်းစရာနောက်ထပ် ဖြစ်လာတာကတော့ သူ့ရဲ့မွေးရပ်မြေက ရုပ်ထုရဲ့ ကျောဘက်မှာ MESSI ဆိုတဲ့ စာသားကို ရေးသားခဲ့ပြီး ကျောနံပါတ် ၁၀ ကိုလည်း ဆွဲသားသွားခဲ့တဲ့ ကိစ္စပါ။

အများစုကတော့ Ronaldo ဟာ Messi ရဲ့ နံပါတ် ၁၀ ဆိုတဲ့ လွှမ်းမိုးမှုအောက်မှာ ခံလိုက်ရပြီလို့ ဒီကိစ္စပေါ်မှာ မှတ်ချက်ပြုခဲ့ကြပါတယ်။



( Paing A K )


#သစ်​ထူးလွင်​(အားကစား)
#sports.thithtoolwin.com

Ref : BBC
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment