Powered by Blogger.

နောက်ဆုံးရ လှုပ်လှုပ်ရှားရှား အပြောင်းအရွှေ့သတင်းများ



နောက်ဆုံးရသတင်းတွေအရတော့ လီဗာပူးလ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ဟာ ကစားသမားခေါ်ယူမှုအသစ်တွေကို လုပ်ဆောင်လိုက်ပြီး လိုအပ်နေတဲ့နေရာတွေကို အားဖြည့်မှုတွေ ပြုလုပ်လိုက်ပါပြီ။

နောက်တန်းပြဿနာရှိနေတဲ့ လီဗာပူးလ်အသင်းဟာ ကျူပီအာအသင်းရဲ့ နောက်တန်းကစားသမား Steven Caulker ကို အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါပြီ။ Caulker ဟာ ဆောက်သမ်တန်အသင်းကိုလည်း သွားရောက် အငှားကစားခဲ့ပြီးတော့ ခြေစွမ်းမပြနိုင်ခဲ့ဘဲ လီဗာပူးလ်အသင်းကို ခြောက်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဝင်ရောက်ကစားခဲ့ပါသေးတယ်။

သူကစားခဲ့တဲ့ ကျူပီအာအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့မှာ ပါဝင်ကစားခဲ့တဲ့ပွဲအရေအတွက်က နည်းပါးပေပြီးမယ့် ပေးဂိုး ၂၀ အထိရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်းကတော့ အရေးပေါ်လိုအပ်နေတဲ့ နောက်တန်းနေရာအတွက် အခုလိုပဲအားဖြည့်လိုက်တာလည်း ဖြစ်ပါတယ်။ Skrtel , Lovren , Joe Gomez နဲ့ Sakho တို့ ဒဏ်ရာပြဿနာတွေ ရှိနေခဲ့တာကြောင့် နည်းပြ Klopp က အရေးပေါ်ခေါ်ယူမှုအဖြစ် လုပ်ဆောင်လိုက်တာပါ။


 နောက်ထပ်သတင်းတစ်ခုကတော့ နယူးကာဆယ်အသင်းက ဆွမ်ဆီးအသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ကွင်းလယ်လူ Jonjo Shelvey ကို ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းနဲ့ ခေါ်ယူလိုက်တာဖြစ်ပါတယ်။ ဒီ အသက် ၂၃ နှစ်အရွယ် အင်္ဂလန်ကစားသမားဟာ ငါးရာသီခွဲစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ နယူးကာဆယ်အသင်းဟာ ဘော်ဒိုးအသင်းကစားသမား Henri Saivet ကို ပေါင်ခုနစ်သန်းနဲ့ ခေါ်ယူအပြီးမှာ ဒုတိယမြောက် ခေါ်ယူမှုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်ကစားသမား Cheick Tiote ဟာလည်း ရှန်ဟိုင်းရှင်ဟွာအသင်းကို ပြောင်းရွှေ့ဖို့ လုပ်ဆောင်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

စီးရီးအေမှာတော့ အင်တာမီလန်အသင်းရဲ့ နောက်ခံလူ Vidic ဟာဆိုရင်တော့ အသင်းနဲ့နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အင်တာမီလန်အသင်းရဲ့ နောက်ခံလူတစ်ယောက်ကို ခေါ်ယူဖို့အတွက် ဘတ်ဂျတ်ပေါင်ကိုးသန်းနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ စတင်လှုပ်ရှားနေပြီဖြစ်တယ်လို့ သိရပါတယ်။

စပါးအသင်းကလည်း ချယ်လ်ဆီးအသင်းတိုက်စစ်မှူး Remy ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့သတင်းထွက်နေပြီး အက်သလက်တီကို တိုက်စစ်မှူး Borja Baston ကိုလည်း စောင့်ကြည့်လျက်ရှိတယ်လို့ သိရပါတယ်။


( Paing A K )



#သစ်​ထူးလွင်​(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment