Powered by Blogger.

Harry Kane ကို စာချုပ်သက်တမ်းတိုးပြီး မန်ယူနဲ့ ချယ်လ်ဆီးရဲ့ လှုပ်ရှားမှုကို ရပ်တန့်ချင်နေတဲ့ စပါး





ပရီးမီးယားလိဂ်အသင်းတွေဟာ ရုပ်သံထုတ်လွှင့်ခတွေတိုးမြှင့်ရလာတဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်တွေရရှိခဲ့ရင်လည်း ထပ်ဆောင်းငွေကြေးတွေ ရရှိအုံးမှာဖြစ်တာကြောင့် ကိုယ့်အသင်းမှာ ရှိတဲ့ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတွေကို ခြေချုပ်နိုင်ဖို့ ကြိုးစားလာကြပါတယ်။ ဒါ့ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အပြင် ရည်မှန်းချက် ကြီးကြီးမားမားတွေရှိနေတဲ့ စပါးအသင်းကတော့ သူတို့ရဲ့အသင်းမှာ ခြေစွမ်းပြနေတဲ့ကစားသမားဖြစ်တဲ့ တိုက်စစ်မှူး Harry Kane ကို စာချုပ်သစ်တစ်ရပ်ချုပ်ဆိုပြီးအသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်နေပါတယ်။

Harry Kane ကိုတော့ တိုက်စစ်လိုအပ်ချက်တွေရှိနေတဲ့ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ကလည်း ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် စပါးအသင်းကတော့ သူတို့ရဲ့ တိုက်စစ်မှူးကို စာချုပ်သက်တမ်းတိုးချင်နေတာပါ။ စပါးအသင်းဟာ အင်္ဂလန်နိုင်ငံအတွက် အလားအလာအကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ Dele Alli ကိုလည်း လုပ်ခတိုးမြှင့်ပြီး စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပါတယ်။

စပါးအသင်းမှာ Harry Kane ကတော့ တစ်ပတ်ကို ပေါင်သုံးသောင်းခွဲသာရရှိနေတာကြောင့် စပါးအသင်းက သူ့လစာရဲ့ နှစ်ဆ တစ်ပတ် ပေါင်ခုနစ်သောင်းနဲ့ စာချုပ်ချုပ်ဖို့ ပြင်ဆင်နေတာပါ။ အသက် ၂၂နှစ်သာရှိသေးတဲ့ ကစားသမားဟာ စပါးအသင်းအတွက် မရှိမဖြစ်ကစားသမားတစ်ယောက်ဖြစ်နေပြီး အင်္ဂလန်အသင်းမှာလည်းနေရာတစ်နေရာ အခိုင်အမာရရှိထားပါတယ်။

သူ့အတွက် အခုလိုတိုးပေးမယ့် တစ်ပတ်ကို ပေါင်ခုနစ်သောင်းဟာ အသင်းကြီးတွေ ခေါ်ယူနိုင်ဖို့ ကြီးမားတဲ့အဟန့်အတားဖြစ်စေမှာ မဟုတ်ဘဲ အသင်းကြီးတွေကတော့ ပေါင်ခုနစ်သောင်းရဲ့နှစ်ဆကိုတောင် ပေးနိုင်တယ်လို့ ဝေဖန်နေကြပါတယ်။ အကယ်လို့သာ စာချုပ်သက်တမ်းတိုးဖြစ်ခဲ့ရင်တော့ Harry Kane ဟာ စပါးအသင်းမှာ ၂၀၂၀ ခုနှစ်အထိကစားနိုင်ဖို့ သေချာသလောက်ရှိနေတော့မှာဖြစ်ပါတယ်။


( Paing A K )

#သစ်​ထူးလွင်​(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment