Powered by Blogger.

ဘာစီလိုနာမြို့ကို ရောက်နေတဲ့ Harry Kane ကြောင့် စပါးပရိသတ်တွေ ရတက်မအေးဖြစ်နေ


အသက် ၂၂ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာတော့ စပိန်နိုင်ငံရဲ့ ဘာစီလိုနာမြို့ကို ရောက်ရှိလို့နေပါတယ်။ Kane ဟာ သူ့ရဲ့ ဟိုတယ်ခန်းကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို instagram စာမျက်နှာပေါ်တင်ခဲ့ပြီးတော့ ပုံထဲမှာတော့ ဘာစီလိုနာမြို့ရဲ့ ဘတ်စ်ကားနဲ့ လမ်းတွေပါဝင်နေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ စပိန်နိုင်ငံအလံပုံနဲ့ နေသာနေတဲ့ emoji တွေကိုပါ အညွှန်းအဖြစ်ရေးထားခဲ့ပါတယ်။
ဒီနေ့မနက်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံဟာဆိုရင်တော့ စပါးပရိသတ်တွေအတွက် ရတက်မအေးစရာဖြစ်သွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၁၃ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ သူတို့အသင်းရဲ့ တိုက်စစ်မှူး အသင်းပြောင်းတော့မယ်လို့ ကောလဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလို ဖြစ်ရပ်ကိုတော့ စပါးအသင်းက စိတ်ပူခဲ့ခြင်းမရှိဘဲ Kane ဟာ အသင်းဖော်တွေဖြစ်တဲ့ Dele Alli, Tom Carroll, Ben Davies, Kieran Trippier နဲ့   Luke McGee တို့နဲ့ အတူ ဘာစီလိုနာကို အလည်အပတ်သွားရောက်နေလို့ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ အပြောင်းအရွှေ့ကာလနှစ်ခုမှာ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံရပြီးတဲ့နောက်မှာတော့ ကစားသမားသစ်တွေ ထပ်မံခေါ်ယူနိုင်ဖို့ တာစူလျက်ရှိပြီး ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ Harry Kane ဟာလည်း ဘာကာနည်းပြ Enrique ရဲ့ MSN တိုက်စစ်ကို စိန်ခေါ်နိုင်စွမ်းရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment