Powered by Blogger.

Diego Costa ဒုက္ခပေးတာခံခဲ့ရပြန်တဲ့ အာဆင်နယ်



အနိုင်ဂိုးသွင်းလိုက်တဲ့ Diego Costa

မနေ့ညက ကစားခဲ့တဲ့ နာမည်ကြီး လန်ဒန်ဒါဘီမှာတော့ အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းကို တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ချယ်လ်ဆီးတိုက်စစ်မှူး Diego Costa ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးက အာဆင်နယ်အသင်းကို ထိပ်ဆုံးရောက်ရှိနိုင်မယ့် အိပ်မက်တွေနဲ့ ဝေးခဲ့ရပြီး တတိယနေရာကို ဆင်းပေးလိုက်ရတဲ့ အထိ အကျိုးသက်ရောက်စေခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ နောက်ခံလူ Martesacker ဟာဆိုရင်တော့ တစ်ယောက်တည်း လွတ်ထွက်သွားခဲ့တဲ့ ချယ်လ်ဆီးတိုက်စစ်မှူး
Diego Costa ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။  Martesacker ရဲ့ ဖျက်ထုတ်မှုဟာ အနီကတ်ပြသရလောက်အောင် မကြမ်းခဲ့ပေမယ့်လည်း ဒီဂိုးအနေအထားမှာ last defender အနေနဲ့ ရှိနေခဲ့တာကြောင့်  ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြဖို့ ဆုံးဖြတ်လိုက်တာပါ။



Diego Costa ကို Martesacker ဖျက်ထုတ်လိုက်စဉ်



အနီကတ်အပြခံလိုက်ရတဲ့ Martesacker

အဲ့ဒီနောက်မှာတော့ အာဆင်နယ်နည်းပြ Arsene Wenger ဟာ တိုက်စစ်မှူး Giroud ကို ထုတ်ပြီး နောက်တန်းကို အင်အားပြန်ဖြည့်ခဲ့တာကြောင့် အာဆင်နယ် တိုက်စစ်က အစောပိုင်းမှာတင် သေသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ အနိုင်ဂိုးကိုတော့ ပွဲချိန် ၂၃ မိနစ်မှာ တိုက်စစ်မှူး Diego Costa က နောက်ခံလူ Ivanovic ရဲ့ ဖြတ်တင်ဘောကနေ အနီးကပ်ပိတ်သွင်းယူခဲ့တာပါ။ နောက်ပိုင်းပွဲချိန်တွေမှာတော့ ချယ်လ်ဆီးအသင်းဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် ဖြုန်းတီးပစ်ခဲ့တာကြောင့် တစ်ဂိုးတည်းနဲ့ ပွဲသိမ်းခဲ့ပါတယ်။


ဒုတိယပိုင်းကို ပွဲကြည့်စင်ပေါ်ကနေ ကြည့်နေတဲ့ Giroud နဲ့ Matesacker


ဒီရလဒ်ကြောင့် ချယ်လ်ဆီးအသင်းဟာ ဝက်စ်ဘရွန်းကိုကျော်တက်ပြီး အဆင့် ၁၃ နေရာကိုတက်လှမ်းလာနိုင်ခဲ့ပြီး အာဆင်နယ်အသင်းကတော့ လက်စတာနဲ့သုံးမှတ်ကွာ အမှတ်ပေးဇယားရဲ့ တတိယနေရာကိုရောက်ရှိသွားခဲ့ပါတယ်။

အခြားပွဲမှာတော့ အိမ်ကွင်းမာကျောတဲ့ အဲဗာတန်အသင်းကို နည်းပြသစ် Guidolin ကိုင်တွယ်နေတဲ့ ဆွမ်ဆီးအသင်းက နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။



( Paing A K )



#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail, BBC
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment