Powered by Blogger.

နည်းပြ Guardiola နဲ့ပတ်သက်တဲ့ သတင်းတွေကို မန်ယူအသင်း ငြင်းဆို



မန်ယူအသင်းကတော့ ဘိုင်ယန်မြူးနစ်နည်းပြ Guardiola နဲ့ နည်းပြရာထူးကို Van Gaal ဆီကနေ လွဲပြောင်းယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေဟာ ကောလဟလတွေသာဖြစ်တယ်လို့ ပြောပါတယ်။

အင်္ဂလန်ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိနေတဲ့ ဒီဂျာမနီလူမျိုးနည်းပြဟာ မန်ယူ ၊ ချယ်လ်ဆီး ၊ မန်စီးတီးစတဲ့အသင်းတွေနဲ့ သတင်းပြေးနေခဲ့ပြီး မန်ယူအသင်းရဲ့ လက်ရှိနည်းပြ Van Gaal နေရာမှာ ဝင်ရောက်နည်းပြနိုင်တယ်လို့လည်း ပြောဆိုကြလျက်ရှိပါတယ်။

Van Gaal နဲ့မန်ယူအသင်းတို့ရဲ့ အနာဂတ်ကလည်း မသေချာဖြစ်နေသေးပြီးတော့ ချယ်လ်ဆီးနည်းပြဟောင်း Mourinho နဲ့ လက်ထောက်နည်းပြ Giggs တို့ကို Van Gaal ရဲ့ နေရာကို ယူခိုင်းဖို့ စီစဉ်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

အခုလောလောဆယ်မှာတော့ Guardiola ဟာလည်း သူ့အနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတာ မသိသေးဘူးလို့လည်း ဖွင့်ဟထားခဲ့ပါတယ်။


( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment