Powered by Blogger.

စာမျက်နှာခြောက်မျက်နှာပါ ချစ်ကြည်ရေးစာစောင်တစ်ခုကို မန်ယူဆီပို့ခဲ့တဲ့ မော်ရင်ဟို




ကမ္ဘာကျော် စပါယ်ရှယ်ဝမ်းနည်းပြတစ်ယောက်လို့ လူသိများတဲ့ Mourinho (မော်ရင်ဟို)ဟာဆိုရင်တော့ မန်ယူအသင်းဆီကို စာမျက်နှာခြောက်မျက်နှာလောက်ပါဝင်တဲ့ ချစ်ကြည်ရေးစာစောင်တစ်ခုကို အံ့အားသင့်ဖွယ်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာဆိုရင်တော့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ တာဝန်ယူနိုင်ဖို့ စိတ်အားထက်သန်လျက်ရှိပြီး လက်ရှိကာလမှာ အားနည်းနေတဲ့ မန်ယူအသင်းရဲ့ အပိုင်းတွေကို ပြုပြင်ပေးချင်နေတယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဆောက်သမ်တန်အသင်းကို တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက်မှာတော့ ပရိသတ်တွေက နည်းပြအပြောင်းအလဲတစ်ခုခုကို ပြုလုပ်ဖို့တောင်းဆိုနေကြပြီး လက်ရှိနည်းပြ လူးဝစ်ဗန်ဟားလ်ကိုလည်း ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုလျက်ရှိနေကြပါတယ်။ ဒီလိုအချိန်မှာ မန်ယူအသင်းကို ရတဲ့နေရာက ကူညီပေးချင်နေတဲ့ မော်ရင်ဟိုကို မန်ယူအသင်းက လက်ခံ မခံကတော့ မသေချာသေးပါဘူး။

မန်ယူအသင်းဟာ မော်ရင်ဟိုနဲ့ ပတ်သက်တဲ့သတင်းတွေကို တုံ့ပြန်ပြောကြားမှု တစ်စုံတစ်ရာမရှိသေးတာကြောင့် အခြေအနေအလုံးစုံကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ မော်ရင်ဟိုဟာဆိုရင်တော့ ယူနိုက်တက် ပရိသတ်တွေနှစ်သက်တဲ့ တိုက်စစ်ဆင်ကစားပုံကို နည်းပြပေးနိုင်မယ်လို့ မျှော်လင့်နေပြီး ပရိသတ်တွေရဲ့ အကြိုက်ဖြစ်လာနိုင်ပါတယ်။

ဒီရဲ့သတင်းတွေဟာဆိုရင် မန်ယူအသင်းရဲ့ စိတ်ချရတဲ့ သတင်းရင်းမြစ်တစ်ခုကနေထွက်ပေါ်လာခဲ့တာဖြစ်ပြီး အရင်က ဆရာဖြစ်ခဲ့ဖူးတဲ့ နည်းပြဗန်ဟားလ်ရဲ့ နေရာကိုတော့ တပည့်ဟောင်းဖြစ်ခဲ့တဲ့ မော်ရင်ဟိုက အစားထိုးတာဝန်ယူနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။




( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment