Powered by Blogger.

မန်ယူအသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ ဗန်ဟားလ်ရဲ့ ဆုံးဖြတ်ချက်ကို အသင်းတာဝန်ရှိသူတွေ လက်မခံ


မန်ယူနည်းပြ Van Gaal (ဗန်ဟားလ်)ဟာဆိုရင်တော့ မန်ယူအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်လျက်ရှိပြီး မန်ယူအသင်း အမှုဆောင်ချုပ် အက်ဝုဒ်ဝက်ဒ်ကို ပြောကြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ မန်ယူအသင်းကတော့ သူ့ကို အသင်းကနေ ထွက်ခွာစေလိုတဲ့ ဆန္ဒမရှိဘဲ ဗန်ဟားလ်အနေနဲ့ သမီးမွေးနေ့ ဖြစ်တဲ့ တနင်္ဂနွေနေ့ နယ်သာလန်အိမ်အပြန်ခရီးမှာ မန်ယူအသင်းမှာ ဆက်နေသင့်မနေသင့်ကို မိသားစုနဲ့တိုင်ပင်ပြီး ဆုံးဖြတ်ချက်ချဖို့ မန်ယူအသင်းက အကြံပေးထားပါတယ်။

ဒါ့ကြောင့် ဗန်ဟားလ်နဲ့ မန်ယူအသင်းတို့ရဲ့ အနာဂတ်ကိုတော့ လာမယ့်အပတ်လောက်မှာသာပဲ အတိအကျသိရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။မန်ယူအသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ အက်ဝုဒ်ဝက်ဒ်ကတော့ ဗန်ဟားလ်ကို အသင်းမှာပဲဆက်ရှိနေစေလိုပြီး မန်ယူအသင်းရဲ့ အကြီးအမှူး တာဝန်ရှိသူတွေကလည်း ဗန်ဟားလ်ကို အသင်းမှာပဲ ဆက်ရှိနေဖို့ တစ်ညီတည်းထောက်ခံနေကြပါတယ်။

မန်ယူအသင်းရဲ့ အကြီးအကဲပိုင်းတွေကတော့ ဗန်ဟားလ်ကို ဆက်ထားနေစေလိုပေမယ့်လည်း အသင်းရဲ့ ပရိသတ်တွေကတော့ သူ့ရဲ့နေရာမှာ အရည်အချင်းကောင်းမွန်တဲ့ နည်းပြတစ်ယောက်ကို အစားထိုးလိုနေပါတယ်။




မန်ယူအသင်းဟာ ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရပြီးတဲ့နောက်မှာတော့ ပရိသတ်တွေရဲ့ မကျေနပ်မှုတွေက ပိုပြီး ပြင်းထန်လာခဲ့ပြီး အသင်းအနေနဲ့ နည်းပြတစ်ယောက်ယောက်ကို အစားထိုးခန့်အပ်သင့်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

မန်ယူအသင်းဟာ လောလောဆယ်မှာတော့ ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာနဲ့ ထွက်ရှိနေတဲ့ သတင်းတွေဟာ မမှန်ကန်ကြောင်း ပြောဆိုထားပြီး အရေးပေါ်အနေနဲ့ဆိုရင်တော့ချယ်လ်ဆီးအသင်းရဲ့နည်းပြဟောင်းဖြစ်တဲ့  မော်ရင်ဟိုကို
 ခေါ်ယူသွားနိုင်တယ်လို့လည်းသတင်းတွေက ရေးသားထားခဲ့ကြပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Eurosports, the sun


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment