Powered by Blogger.

ကစားသမားခေါ်ယူခွင့်ပိတ်ပြစ်ဒဏ်ကြောင့် အင်အားဖြည့်တင်းရေးလုပ်ငန်းစဉ်တွေနှောင့်နှေးခဲ့ရတဲ့ ရီးရဲလ်




ဖီဖာရဲ့ အပြောင်းအရွှေ့တွေကို ချိုးဖျက်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ မြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့အတူ လာမယ့် အပြောင်းအရွှေ့ရာသီနှစ်ခုမှာ ကစားသမားခေါ်ယူခွင့်တွေ ပိတ်ပင်ခံထားခဲ့ရပါတယ်။ ဒီလို ပြစ်ဒဏ်တွေမခံရချိန်တုန်းကတော့ ရီးရဲလ်အသင်းဟာ ထိပ်တန်းကစားသမား လေးယောက်ကို ခေါ်ယူနိုင်ဖို့အတွက် ပေါင်သန်း ၂၅၀ လောက်သုံးစွဲနိုင်ဖို့ စီစဉ်ထားခဲ့တယ်လို့ သိရပါတယ်။

ရီးရဲလ်အသင်းကတော့ ပရီးမီးယားလိဂ်စူပါစတားတွေဖြစ်ကြတဲ့ Eden Hazard (အေဒင်ဟာဇတ်) ၊ Sergio Aguero (ဆာဂျီယိုအဂွဲရိုး) နဲ့ မန်ယူဂိုးသမား De Gea(ဒီဂီယာ) တို့အပြင် ဂျူဗင်တပ်အသင်းကွင်းလယ်ကစားသမား Pogba တို့ကိုလည်း ခေါ်ယူနိုင်ဖို့ တာစူလျက်ရှိနေတာပါ။
သူတို့လေးယောက်အတွက်တော့ ရီးရဲလ်အသင်းက ပေါင်သန်း ၂၅၀ လောက်အသုံးပြုနိုင်ဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ပိတ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာက သူတို့ကို နှောင့်နှေးစေခဲ့ပြီး နောက်ဆုံးမှာတော့ ဘယ်ကစားသမားကိုမှ ခေါ်ယူမှာမဟုတ်ဘူးဆိုတဲ့အသံထွက်လာခဲ့တာပါ။

ရီးရဲလ်အသင်းဟာဆိုရင်တော့ ချယ်လ်ဆီးတောင်ပံကစားသမား Eden Hazard (အေဒင်ဟာဇတ်)ကိုတော့ အဓိက စိတ်ဝင်စားလျက်ရှိနေပါတယ်။ချယ်လ်ဆီးအသင်းဟာဆိုရင်တော့ အသင်းရဲ့ ရာသီဝက်မှာ ပုံမှန်ခြေစွမ်းတွေ ပျောက်ဆုံးလျက်ရှိနေတဲ့ တောင်ပံကစားသမား ဟာဇတ် ကိုတော့ ရောင်းချဖြစ်ခဲ့ရင်တော့ အနည်းဆုံး ပေါင်သန်း ၈၀ လောက်ထိ ရရှိဖို့ မျှော်လင့်လျက်ရှိနေတယ်လို့ သိရပါတယ်။ ဒီကစားသမားဟာဆိုရင်တော့ သူ့ရဲ့ ကစားသမားဘဝမှာ အဆိုးဆုံးကာလတစ်ခုကို ရောက်ရှိနေခဲ့ပြီး အသင်းပြောင်းချင်နေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

တိုက်စစ်နေရာအတွက်လည်း လက်ရှိပြင်သစ်တိုက်စစ်မှူး Benzema (ဘင်ဇီမာ)ရဲ့ နေရာမှာ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးကို အစားထိုးချင်နေတာပါ။ ရီးရဲလ်အသင်းဟာဆိုရင် သူတို့ရဲ့ ကာလရှည်ကြိုးပမ်းနေတဲ့ မန်ယူဂိုးသမား De Gea ကိုလည်း ထပ်မံကြိုးစားသွားဖွယ်ရှိနေတာပါ။

သူတို့ဟာ ချန်ပီယံလိဂ်မှာ ဆယ်ကြိမ်မြောက်ဗိုလ်စွဲခဲ့တဲ့နောက်ပိုင်းမှာ အောင်မြင်မှုသိပ်မရခဲ့တာကြောင့်လည်း လက်ရှိလူစာရင်းကို အပြောင်းအလဲ ကြီးကြီးမားမားလုပ်ဖို့ စီစဉ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။



( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : the sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment