Powered by Blogger.

ချယ်လ်ဆီးရဲ့ နည်းပြလျာထားစာရင်းမှာ စပါးနည်းပြပိုချတ်တီနို ပါဝင်လာ



The Times သတင်းစာရဲ့ ဖော်ပြချက်အရတော့ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ နည်းပြရာထူးအတွက် နည်းပြလေးယောက်ကို ပစ်မှတ်ထားလျက်ရှိနေပြီးတော့ စပါးအသင်းကို အကောင်းဆုံးကိုင်တွယ်နေတဲ့ လူငယ်နည်းပြ Pochettino (ပိုချတ်တီနို)ကလည်း တစ်ယောက်အပါအဝင်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်ပြီးတဲ့နောက်မှာတော့ နည်းပြ ဂူဟစ်ဒင့်ကို ယာယီနည်းပြအဖြစ်တာဝန်ယူခိုင်းခဲ့ပေမယ့်လည်း ကာလရှည်နည်းပြအနေနဲ့တော့ လက်ရှိအက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဒီယေဂိုဆီမြွန်နီ ၊ ချီလီလက်ရွေးစင်အသင်းနည်းပြ ဆမ်ပါအိုလီနဲ့ ပြင်သစ်နည်းပြ ဒက်စ်ချမ့်တို့ကို စောင့်ကြည့်စာရင်းထဲမှာထည့်ထားခိုင်းခဲ့ပါတယ်။

အခုဆိုရင်တော့ စပါးအသင်းနည်းပြကိုပါ စောင့်ကြည့်နေတယ်ဆိုတဲ့သတင်းကြောင့် ချယ်လ်ဆီးအသင်းရဲ့ နည်းပြရာထူးအတွက်တော့ နည်းပြလေးယောက်က အပြိုင်ရေပန်းစားလာခဲ့ပါပြီ။ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျကတော့ ဘိုင်ယန်နည်းပြ ဂွာဒီယိုလာကို မန်ယူနဲ့ မန်စီးတီးတို့နဲ့အပြိုင် ခေါ်ယူလိုခြင်းမရှိတာကြောင့် ခေါ်ယူဖွယ်မရှိနိုင်ဘူးလို့ သတင်းတွေထွက်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာဆိုရင်တော့ သက်ကြီးကစားသမားများပြားလာတာကြောင့် အကျပိုင်းကို ရောက်ရှိနေခဲ့ပြီးတော့  အင်္ဂလန်တို့ရဲ့ လက်ရှိရွှေရောင်လူငယ်မျိုးဆက်ကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားတဲ့အသင်းပါ။


ပိုချတ်တီနိုကတော့ ဆောက်သမ်တန်အသင်းကို ကိုင်တွယ်စဉ်တည်းက လူငယ်တွေကို မြေတောင်မြောက်ပေးတတ်ပြီး လက်ရှိကိုင်တွယ်နေတဲ့ စပါးအသင်းမှာလည်း ဟာရီကိန်း ၊ ဒဲလီအော်လီ ၊ ဒိုင်ယာစတဲ့ လူငယ်ကစားသမားတွေကို ထင်ပေါ်လာအောင် မွေးထုတ်ပေးထားနိုင်တာကြောင့် ချယ်လ်ဆီးအသင်းမှာရှိနေတဲ့ လော့ဖ်စတပ်ချိခ်နဲ့ ကပ်ဇူးမားတို့လို လူငယ်တွေကိုလည်း ထင်ပေါ်လာအောင် ပြုလုပ်ပေးနိုင်မယ့်သူလို့လည်း ခန့်မှန်းနေကြပါတယ်။



( Paing A K )

သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment