Powered by Blogger.

ကတ်ပီတယ်ဝမ်းဖလားကို အရယူနိုင်တယ်လို့ ယာဂန်ကလော့ပ်ကြုံးဝါး



လီဗာပူးလ်အသင်းရဲ့ နည်းပြ ယာဂန်ကလော့ပ်ကတော့ သူဟာ ကြိုးကြာနီတို့နဲ့အတူ ကတ်ပီတယ်ဝမ်းဖလားကို အရယူနိုင်တယ်လို့ ကြုံးဝါးလိုက်ပါတယ်။ လီဗာပူးလ်အသင်းဟာ အင်္ဂါနေ့ညက စတုတ်စီးတီးအသင်းကို ပင်နယ်တီးအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြီး ကတ်ပီတယ်ဝမ်းဖလားရဲ့ ဖိုင်နယ်ပွဲစဉ်ကို တက်ရောက်လာနိုင်ခဲ့ပါပြီ။ ဂျာမန်လူမျိုးနည်းပြကတော့ သူ့အနေနဲ့ ဆုဖလားစိန်ခေါ်ဖက်ဖြစ်လာတဲ့ မန်စီတီးအသင်းကိုလည်း ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

အန်ဖီးလ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ကတ်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ်ပွဲမှာဆိုရင်တော့ ဂိုးသမား မစ်ဂ်နိုလတ်ရဲ့ လက်စွမ်းပြမှုတွေကြောင့် လီဗာပူးလ်အသင်းဟာ စတုတ်စီးတီးကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

 " မန်စီးတီးလား ?? ကျွန်တော်ဂရုစိုက်နေမှာတော့မဟုတ်ဘူးဗျ။ သူတို့လည်း အင်အားကောင်းပြီး ဆုဖလားကို စိန်ခေါ်နိုင်စွမ်းရှိပါတယ်။ လီဗာပူးလ်မြို့က တကယ်ချိုမြိန်တဲ့မြို့ပါ။ ဒီမြို့ရဲ့ အားပေးမှုကို ကျွန်တော်ရယူချင်တယ်။ ကျွန်တော်ဒီမှာ နေတာ လေးလကျော်ခဲ့ပြီ။ လီဗာပူးလ်ကလူတွေကို ချစ်တယ်။ အဲဗာတန်ပရိသတ်တွေကိုတောင်ပေါ့။ "

" ကျွန်တော်တို့တွေ ပြိုင်ဘက်အဖြစ်တွေ့တဲ့အခါမှာတော့ ချစ်ကြည်ရေးယူနေမှာ မဟုတ်ပါဘူး။ လီဗာပူးလ်အသင်းအတွက်တော့ အကောင်းဆုံးဖိုင်နယ်ပွဲစဉ်ဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ စတုတ်အသင်းနဲ့ ကစားခဲ့ရတာကတော့ တကယ့်ကို ရင်ခုန်စရာကောင်းတယ်။ ဘောလုံးပွဲအစစ်အမှန်ပဲ။ မတ်ဟုခ်ျကတော့ တကယ်တော်တဲ့နည်းပြပါ။ သူက စတုတ်ရဲ့ ရှေးရိုးကစားပုံတွေကို ပြောင်းလဲပစ်နိုင်ခဲ့တယ်။ " လို့လည်း ကလော့ပ်က ပြောခဲ့ပါတယ်။



( Paing A K )

သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : independent

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment