Powered by Blogger.

မက်ဒရစ်လား? ပဲရစ်လား? မြူးနစ်လား ? Eden Hazard





ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား Hazard ဟာဆိုရင်တော့ ချယ်လ်ဆီးအသင်းနဲ့ လာမယ့်ကာလတွေမှာ ဖြတ်သန်းနိုင်ဖို့ မသေမချာဖြစ်နေပါပြီ။ အရင်ရာသီကတော့ အကောင်းဆုံး ခြေစွမ်းပြပြီး ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ Hazard ဟာဆိုရင်တော့ ဒီရာသီမှာ ခြေစွမ်းတွေကျဆင်းနေတာကြောင့်  ချယ်လ်ဆီးအသင်းကို စွန့်ခွာလိုနေတယ်လို့ သတင်းတွေထွက်နေခဲ့တာပါ။ 

Hazard ကို ပစ်မှတ်ထားနေတာကတော့ နိုင်ငံသုံးနိုင်ငံက ကြီးသုံးကြီးဖြစ်နေတာပါ။ ပြင်သစ်က ပီအက်စ်ဂျီအသင်း ၊ စပိန်က ရီးရဲလ်အသင်းနဲ့ နောက်ဆုံး သတင်းတွေအရ ဂျာမနီက ဘိုင်ယန်မြူးနစ်အသင်းတို့ကပါ Hazard ကို စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ Hazard ကို ပိုမိုကြိုးပမ်းနေပြီး ခြင်္သေ့ပြာတွေရဲ့ အဓိကကစားသမားဟာ မိတ်ဆွေဟောင်းတွေရှိနေတဲ့ ပဲရစ်ကို လာရောက်မယ်လို့ ယုံကြည်နေပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ချယ်လ်ဆီးနောက်ခံလူ David Luiz ကို ပေါင်သန်းငါးဆယ်နဲ့ ခေါ်ယူဖူးပြီး အခုလောလောဆယ်မှာတော့ Hazard ကို ပေါင် ၄၅ သန်းနဲ့ ကနဦးကမ်းလှမ်းထားပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ကမ်းလှမ်းထားတဲ့ ၄၅ သန်းရဲ့ နှစ်ဆပေးမှ စိတ်ဝင်စားမယ်လို့ လေသံပြန်ပစ်ထားပြီင်္း ချယ်လ်ဆီးတောင်းတဲ့ကြေးကို ပေးမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ အာရပ်မိသားစုတွေ ပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီကတော့ ချယ်လ်ဆီးတောင်းတဲ့ကြေးကို ပေးဖို့ ဝန်လေးနေဖွယ် မရှိလောက်ပါဘူး။


ပီအက်စ်ဂျီနောက်မှာတော့ စပိန်ဘီလူး ရီးရဲလ်မက်ဒရစ်ပါ။ သူတို့ရဲ့ နည်းပြသစ်ဖြစ်လာတဲ့ Zidane ကတော့ Hazard ကို Ronaldo ပြီးရင် အကြိုက်ဆုံးပါပဲလို့ ဝန်ခံထားဖူးပါတယ်။ နောက်ဆုံးသတင်းတွေအရတော့ ရီးရဲလ်ဟာ Hazard အတွက် ယူရိုသန်း ၁၀၀ ကို သုံးစွဲဖို့ စီမံထားတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့ရဲ့ icon ကစားသမား Ronaldo အသက်ရလာတာနဲ့အမျှ ခြေစွမ်းကောင်းတဲ့ လူငယ်တောင်ပံကစားသမားကို အသင်းမှာ အလိုရှိနေပြီး Hazard က ဒီကွက်လပ်ကို ဖြည့်ပေးမယ့် အဖြေဖြစ်နိုင်တယ်လို့ ထင်နေတာပါ။

ဘိုင်ယန်ကတော့ နောက်ပိုင်းမှ အသံထွက်လာတာဖြစ်ပြီး ကစားသမားတွေပုံနေတဲ့ သူတို့အသင်းမှာ Hazard လို လူမျိုးကိုတော့ အလောသုံးဆယ်လိုအပ်အုံးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် Hazard ကတော့ ပဲရစ်လား ၊ မက်ဒရစ်လား ၊ မြူးနစ်လားဆိုပြီး ဝေခွဲရခက်နေပါတော့မယ်။


( Paing A K )

#သစ်​ထူးလွင်​(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment