Powered by Blogger.

ဆုဖလားတွေရယူနိုင်ခဲ့ရင်တောင် ရာထူးရဲ့ အနာဂတ်က မတည်ငြိမ်ဘူးလို့ Pellegrini ပြော





မန်စီးတီးအသင်းရဲ့ နည်းပြ Manuel Pellegrini ကတော့ အကယ်လို့ သူဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင်တောင် အနာဂတ်နည်းပြနေရာအတွက် အာမခံချက်မရှိနိုင်ဘူးလို့ ပြောပါတယ်။ အခုအချိန်မှာတော့ ပရီးမီးယားလိဂ်ကို လာရောက်နည်းပြမယ်ဆိုတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ Guardiola ကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်းက အစွမ်းကုန်ကြိုးစားလျက်ရှိပါတယ်။ ဒါ့ကြောင့်လည်း မန်စီးတီးလက်ရှိနည်းပြ Pellegrini က အခုလို ပြောလိုက်တာဖြစ်တယ်လို့ ထင်ရပါတယ်။

ဒါပေမယ့် Pellegrini ဟာ သူ့အနေနဲ့တော့ အနာဂတ်ကို အသင်းပိုင်ရှင်တွေ ဆုံးဖြတ်သလိုသာ ခံယူရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
" ကျွန်တော် သာမန် မန်နေဂျာတစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဆုဖလားရရှိမှုက အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်တယ်လို့ ပြောမိမှာပါပဲ။ ဒါ့ကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုက ကျွန်တော့်အတွက် အရေးပါလွန်းပါတယ်။ ကျွန်တော် အသင်းနဲ့အတူ ချန်ပီယံဆုကို တစ်ကြိမ်ရဖူးခဲ့တယ်။
အဲ့ဒါကြောင့် အသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့တာပါ။ "


" အသင်းပိုင်ရှင်တွေ အားလုံးက ချန်ပီယံဆုဖလားတွေကို ဆာလောင်ကြတယ်။ နည်းပြတွေကတော့ တစ်ပွဲချင်းစီရဲ့ ရလဒ်ကို ပိုမက်မောကြတယ်။ ကျွန်တော်အကယ်လို့များ ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့ရင်တောင်မှ ရှိသမျှဖလားကို သိမ်းကြုံးယူနိုင်တဲ့သူတစ်ယောက်ကို နေရာပေးတတ်တယ် " လို့  Manuel Pellegrini က ပြောပြခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ကတ်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ကစားခဲ့ပြီး နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment