Powered by Blogger.

John Stones ကို အပြိုင်လုကြတော့မယ့် ချယ်လ်ဆီးနဲ့ ဘာစီလိုနာ


ချယ်လ်ဆီးအသင်းဟာ အဲဗာတန်နောက်ခံလူJohn Stones ကို ကစားသမားရဲ့ အသင်းက ငြင်းပယ်နေတဲ့ ကြားထဲကနေ ခေါ်ယူဖို့ ပြန်လည် ကြိုးစားသွားအုံးမှာပါ။ ဒီနောက်ခံလူကိုတော့ ချယ်လ်ဆီးတစ်သင်းတည်းက ကမ်းလှမ်းနေတာမဟုတ်ဘဲနဲ့ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာကလည်း ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း Stones ကို ပေါင် ၃၇ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ငြင်းဆိုမှုကို ခံခဲ့ရပါတယ်။ ချယ်လ်ဆီးဟာ ယိုယွင်းနေတဲ့နောက်တန်းကို လူငယ်ခြေတက်တွေနဲ့ တစ်ဖန်ပြန်ပြီး တည်ဆောက်နေချင်ပြီး Stones က သူတို့ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်သွားခဲ့တာပါ။

ချယ်လ်ဆီးအသင်းကတော့ ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူခဲ့တဲ့ နောက်ခံလူ Papy Djilobodji ကိုလည်း ပြန်လည်ရောင်းချဖို့ စီစဉ်လျက်ရှိနေပါတယ်။
နန့်စ်အသင်းကနေ ပြောင်းရွှေ့လာတဲ့  Djilobodji ဟာ ချယ်လ်ဆီးအသင်းမှာ တစ်ပွဲသာပါဝင်ကစားခွင့် ရရှိထားခဲ့ပါတယ်။ ဘာစီလိုနာအသင်းကလည်း John Stones ကို ခေါ်ချင်နေပြီး ကတ်တလန်နောက်ခံလူ Pique ကလည်း John Stones ကို အကောင်းဆုံး နောက်ခံလူတစ်ယောက်ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဘာကာပရိသတ်တွေ ခေါ်ယူလိုတဲ့ ကစားသမားစာရင်းမှာ John Stones က ထိပ်ဆုံးကပါဝင်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဘာစီလိုနာကစားသမားတွေကလည်း အင်္ဂလန်လက်ရွေးစင် နောက်ခံလူကို အသင်းမှာ လာရောက်ကစားစေချင်နေတယ်လို့ သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment