Powered by Blogger.

ချယ်လ်ဆီးနောက်တစ်ဆင့်တက်ခဲ့ပြီး စပါးရုန်းကန်ခဲ့ရတဲ့ အက်ဖ်အေဖလားပွဲစဉ်များ



မနေ့ည ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်တွေမှာတော့ ချယ်လ်ဆီးအသင်းကတော့ နောက်တစ်ဆင့်ကို အလွယ်တကူတက်ရောက်သွားခဲ့ပြီး စပါးအသင်းကတော့ လက်စတာနဲ့ သရေကျခဲ့တာကြောင့် နောက်တစ်ကျော့ထပ်မံကစားရတော့မှာဖြစ်ပါတယ်။



ချယ်လ်ဆီး ၂-၀ စကန်သော်ပီ



ချယ်လ်ဆီးအသင်းကတော့  လိဂ်ဝမ်းကလပ် စကန်သော်ပီကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပြီး Diego Costa နဲ့ Loftus-Cheek တို့ရဲ့ ဂိုးတွေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့တာပါ။ အဲ့ဒီပွဲမှာတော့ ချယ်လ်ဆီးအသင်းဟာ ပွဲအစ ၁၃ မိနစ်တည်းက  Diego Costa ရဲ့ အဖွင့်ဂိုးကြောင့် စကန်သော်ပီအသင်းကတော့ ကစားအားကျသွားခဲ့ပါတယ်။




ညာခြမ်းကနေ ဖြတ်တင်ပေးတဲ့ ဘောလုံးကို Diego Costa က နောက်ခံလူတွေကြားထဲကနေ ပိတ်သွင်းယူသွားခဲ့တာပါ။ ဒီပွဲမှာတော့ ချယ်လ်ဆီးအသင်း ကွင်းလယ်လူ Fabregas ရဲ့ ဖြတ်တင်ဘောတွေက ကြောက်မက်ဖွယ်ကောင်းခဲ့ပြီး အရင်ရာသီက တွဲလုံးတွေကိုလည်း ပြန်မြင်ရခဲ့ပါတယ်။ နောက်ထပ်အနိုင်ဂိုးကိုတော့ Loftus-Cheek က ၆၉ မိနစ်မှာ Azpiliqueta ရဲ့ ပေးပို့မှုကနေ ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။




 
စပါး ၂-၂ လက်စတာ

စပါးအသင်းကတော့ လက်စတာအသင်းကို အိမ်ကွင်းမှာလက်ခံကစားခဲ့ရပေမယ့်လည်း ကံကောင်းလို့သာ သရေကျခဲ့တာဖြစ်ပါတယ်။ ပွဲအစ ရှစ်မိနစ်မှာတင်ပဲ Eriksen က စပါးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လက်စတာအသင်းက ပြန်လည်ဖိကစားနိုင်ခဲ့ပြီး   M. Wasilewski က ၁၉ မိနစ်မှာ လက်စတာအသင်းအတွက် ချေပဂိုးသွင်းခဲ့ပြီး ၄၈ မိနစ်အရောက်မှာတော့ S. Okazaki က အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။





အဲ့နောက်မှာတော့ ချေပဂိုးရဖို့ စပါးအသင်းက ကြိုးစားလာခဲ့ပြီး ၈၉ မိနစ်အရောက်မှာမှ အငြင်းပွားဖွယ်ပင်နယ်တီကနေ Hary Kane က ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။ အခုလို သရေရလဒ်ကြောင့် လက်စတာအသင်းနဲ့ စပါးအသင်းတို့ကတော့ နောက်တစ်ကျော့ပြန်လည်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။




( Paing A K )

#သစ်​ထူးလွင်​(အားကစား)
#sports.thithtoolwin.com

Ref : Dailymail


 
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment