Powered by Blogger.

အက်သလက်တီကို ကွင်းလယ်လူကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ မန်ယူနဲ့ အာဆင်နယ်




ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ အက်သလက်တီကို ကွင်းလယ်ကစားသမား Saul Niguez ကို ခေါ်ယူဖို့ ကြိုးစားလျက်ရှိတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်သာရှိသေးတဲ့ ဒီကစားသမားအတွက်  ကနဦး လှုပ်ရှားမှုတွေကို အာဆင်နယ်အသင်းက ပြုလုပ်ထားပေမယ့်လည်း မန်ယူအသင်းကလည်း နောက်ပိုင်းမှာ ခေါ်ယူဖို့ ကြိုးစားလာတယ်လို့ သိရပါတယ်။

အရင်လတွေတုန်းကတော့ Saul Niguez ဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့တော့မလိုဖြစ်ခဲ့ပေမယ့်လည်း သူ့ရဲ့ခြေထောက်ကျိုးဒဏ်ရာကြောင့် အသင်းပြောင်းရွှေ့ချင်စိတ်တွေ ပျောက်ပျက်သွားခဲ့ရတာဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်တည်းက အက်သလက်တီကိုအသင်းကို ရောက်ရှိနေခဲ့ပြီး ၁၇ နှစ်သားအရွယ်မှာတင်ပဲ ယူရိုပါလိဂ်ပွဲထွက်ခွင့်ကို ရရှိခဲ့ပါတယ်။ Niguez ဟာ ဒီရာသီမှာတော့ အက်သလက်တီကိုအသင်းနဲ့ ၂၁ ပွဲအထိ ပါဝင်ကစားခွင့်ရရှိထားခဲ့ပြီး ငါးဂိုးအထိသွင်းယူခြေစွမ်းပြနိုင်ခဲ့တာကြောင့် အသင်းရဲ့ အဓိက ကွင်းလယ်လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ဒါ့ကြောင့် အခုလို ခြေစွမ်းပြနေတဲ့ ကစားသမားကိုတော့ မန်ယူအသင်းက Michael Carrick နဲ့ Bastian Schweinsteiger တို့ရဲ့ လေးပင်တဲ့ ကွင်းလယ်ကစားသမားတွေနေရာမှာ အစားထိုးကစားနိုင်ဖို့ စီစဉ်လျက်ရှိနေပါတယ်။ ဒီစပိန်ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ Jorge Mendes ဟာဆိုရင်တော့ မန်ယူအသင်းမှာ လက်ရှိကစားနေတဲ့ Juan Mata, David de Gea နဲ့ Ander Herrera တို့ရဲ့ အေးဂျင့်ဖြစ်တာကြောင့် မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ အေးဂျင့်ဖြစ်သူက အဓိက နေရာကနေ ပါဝင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဒါပေမယ့်လည်း လက်ရှိအခြေအနေအရတော့ ဒီကစားသမားကို မန်ယူအသင်းက အသင်းကို ခေါ်ယူဖို့ အချိန်ယူရအုံးမှာဖြစ်ပြီး ဒီအပြောင်းအရွှေ့မှာ အပြီးသတ်စာချုပ်နိုင်ဖွယ်မရှိပါဘူး။ အာဆင်နယ်အသင်းကတော့ ဒီကစားသမားကို ခေါ်ယူဖို့ ကြိုးစားမှု သိပ်မရှိတော့ဘဲ စောင့်ကြည့်စာရင်းသာ သွင်းထားတယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်​ထူးလွင်​(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment