Powered by Blogger.

မန်ယူကိုပြန်လာမယ့် Januzaj




ဒေါ့မွန်အသင်းမှာ ပွဲထွက်ခွင့် ၁၅၉ မိနစ်သာရခဲ့တဲ့ Januzaj ဟာ မန်ယူအသင်းကို ပြန်ရောက်လာတော့မှာဖြစ်ပါတယ်။ ဒီကစားသမားဟာ တိုက်စစ်အားနည်းနေတဲ့ မန်ယူအသင်းကို တောင်ပံတစ်လျှောက်ကနေ အကျိုးပြုနိုင်မယ်လို့ Van Gaal က မျှော်လင့်ထားပါတယ်။

အသက် ၂၀ အရွယ်ကစားသမားဟာဆိုရင်တော့ မန်ယူအသင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ကာလတွေက
နည်းပြ Van Gaal ရဲ့ ယုံကြည်မှုကို မခံခဲ့ရပါဘူး။   Van Gaal ဟာ Januzaj ကို ပွဲအတွေ့အကြုံရစေချင်လို့ ဒေါ့မွန်ကို အငှားချခဲ့တာဖြစ်ပြီး အဲ့ဒီ အငှားချခဲ့မှုက ကစားသမားကိုရော ဒေါ့မွန်အသင်းကိုပါ အကျိုးမပြုတဲ့ လုပ်ရပ်ဖြစ်ခဲ့တာပါ။

ဒေါ့မွန်အသင်းအတွက် ပွဲထွက်ခွင့် အနည်းငယ်ပဲရရှိခဲ့ပြီး ဘယ်လ်ဂျီယံ အသင်းကလည်း Euro ပြိုင်ပွဲမှာ ပါချင်ရင် ဒီထက်အတွေ့အကြုံတွေ ပိုယူဖို့လိုတယ်လို့  သတိပေးပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့လည်း တိုက်စစ်ပိုင်းအတွက် ကစားသမားတွေ လိုအပ်နေတာကြောင့် အိုးလ်ထရက်ဖို့ဒ်ကတော့ Januzaj ကို ကြိုဆိုနေမှာ အသေအချာပါပဲ။

ဂျာမနီမှာကို သွားရောက်ကစားစဉ်ကတော့ ပျော့ညံ့ညံ့ ကစားသမားလို့  ဝေဖန်ခံရဖူးတာကြောင့် အဲ့ဒီဝေဖန်မှုတွေကို ချေဖျက်ဖို့ ကြိုးစားဖို့လိုနေပါပြီ။ ဂိုးတွေ အရနည်းနေတဲ့ မန်ယူအသင်းကို Januzaj  တစ်ယောက် ဘယ်လိုကူညီပေးနိုင်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ mission တစ်ခုပါပဲ။



( Paing A K )

#သစ်​ထူးလွင်​(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment