Powered by Blogger.

အသင်းနဲ့လမ်းခွဲရမလားဆိုတဲ့ မေးခွန်းကိုမေးစရာမလိုတော့ဘူးလို့ ကြုံးဝါးလိုက်တဲ့ Van Gaal



ချယ်လ်ဆီးအသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ သူဟာ မန်ယူအသင်းကနေ ထွက်ခွာဖို့ အကြောင်းမရှိတော့ဘူးလို့ မန်ယူနည်းပြ Louis Van Gaalက ပြောပါတယ်။ သူဟာ မန်ယူအသင်းကို ဆက်လက်ကိုင်တွယ်သွားမယ်လို့ ပြောကြားခဲ့ပြီးတော့ ကစားသမားတွေဟာ သူ့အတွက် အကောင်းဆုံးပေးဆပ်နေပြီ ဖြစ်တယ်လို့ Van Gaal က ပြောပါတယ်။

Van Gaal ဟာ နောက်ဆုံးရှစ်ပွဲအထိ နိုင်ပွဲမရရှိသေးပေမယ့်လည်း ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ မန်ယူအသင်းရဲ့ အကောင်းဆုံးပုံစံတစ်ခုကို ပြန်လည် ပြသထားနိုင်ခဲ့တာကြောင့် အခုလို သူ့ကိုယ်သူ ယုံကြည်မှုရှိသွားတာလည်း ဖြစ်ပါတယ်။

 ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ် ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ဂိုးသမား De Gea က အကောင်းဆုံးလက်စွမ်းပြမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ကွင်းလယ်လူ Mata ရဲ့ ကန်ချက်နဲ့ Martial တို့ရဲ့ ကန်ချက်တွေကလည်း ဂိုးဘားနဲ့ ဂိုးတိုင်တွေကို မိတ်ဆက်ခဲ့လို့ မန်ယူအသင်းက ဂိုးမရခဲ့တာပါ။

ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမား Courtois ကလည်း အရေးပါတဲ့ ကာကွယ်မှုတွေကို ပြုလုပ်ပေးခဲ့ပြီး မန်ယူတိုက်စစ်မှူး Rooney ရဲ့ အဝေးကန်ချက်နဲ့ ကွင်းလယ်လူ Herrera ရဲ့ အနီးကပ်ပိတ်သွင်းမှုတွေကို ကာကွယ်နိုင်ခဲ့တာပါ။ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ မန်ယူအသင်းခေါင်းဆောင် Rooney က ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒီလို ခြေစွမ်းပြန်ပြနိုင်ခဲ့တာကြောင့် Van Gaal က " ကျွန်တော့်ကို ထုတ်ပယ်ဖို့ ဆိုတာ အကြောင်းမရှိတော့ပါဘူး။ ကျွန်တော့်မှာ ဒီကိစ္စအတွက်လည်း ဘာလွှမ်းမိုးမှုမှ မရှိပါဘူး။ ကျွန်တော့်ရဲ့ ကစားသမားတွေနဲ့ အတူတူ အလုပ်လုပ်ပြီး ကျွန်တော့်အတွက် အကောင်းဆုံး တိုက်ပွဲဝင်ကစားပေးသွားမယ်လို့ ယုံကြည်ပါတယ်။ "

" ချယ်လ်ဆီးအသင်းနဲ့ ဒီလိုရလဒ်ထွက်ပေါ်ခဲ့လို့ ပရိသတ်တွေက ကျေနပ်ခဲ့ကြတယ်။ ဒါ့ကြောင့် ကျွန်တော့်မှာ နည်းပြရာထူးအတွက် စိုးရိမ်မှုရှိနေတယ်ဆိုတာကို မပြောနိုင်တော့ဘူးလေ။ ဘောလုံးလောကမှာ သင်ဘယ်တော့မှ မသိနိုင်တာတွေရှိတယ်။ ကျွန်တော်ကတော့ အသင်းရဲ့ ဘုတ်အဖွဲ့နဲ့ ကစားသမားတွေကို ယုံကြည်မှု အပြည့်ရှိတယ်။ ကျွန်တော်အသင်းကနေ ထွက်ခွာရနိုင်လား?? ဖိအားတွေကြားထဲမှာတောင် ကစားသမားတွေ အခုလို ကစားပြနိုင်ခဲ့တာ ကျွန်တော့်အတွက်တော့ အသင်းကနေ ထွက်ခွာဖို့ အကြောင်းရင်းဆိုတာ မရှိတော့ဘူး။

ကျွန်တော့်ကို အသင်းမှာ ဆက်ရှိ / မရှိဆိုတဲ့ မေးခွန်းဆိုတာ မေးစရာလိုတော့မယ်မထင်တော့ပါဘူး။ ကျွန်တော့်ရဲ့ စာချုပ်အတိုင်းပဲ အသင်းမှာ ဆက်ရှိသွားမှာပါ " လို့ Van Gaal က ပြောပါတယ်။


သူတို့ဟာ ဂိုးမသွင်းနိုင်တဲ့ စံချိန်ကိုတော့ ဆက်လက်ရရှိခဲ့ပြီး ထိပ်ဆုံးလေးသင်းနဲ့ ငါးမှတ်အကွာ အဆင့်ခြောက်နေရာမှာ ရပ်တည်လျက်ရှိပါတယ်။ မန်ယူအသင်းဟာ အိမ်ကွင်းနောက်ဆုံးပွဲစဉ်ရှစ်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာ ငါးပွဲအထိရှိသွားပြီဖြစ်ပြီး နောက်ဆုံး ဆယ့်လေးပွဲမှာ ဆယ်ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလိုဂိုးမိုးခေါင်နေတဲ့ တိုက်စစ်ကို ပြန်အသက်သွင်းဖို့အတွက် စပါးတိုက်စစ်မှူး Harry Kane  ကို  ခေါ်ယူသင့်တယ်လို့လည်း မီဒီယာတွေက ရေးသားနေကြပါသေးတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror




Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment