De Gea ကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားလာတဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ယူဂိုးသမား De Gea ကို ခေါ်ယူဖို့အတွက် ပြန်လည် ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Daily Star သတင်းထောက် Jack Wilson ကတော့ " ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ယူဂိုးသမား De Gea ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူသွားမှာ မဟုတ်ပေမယ့်လည်း လာမယ့် နွေရာသီမှာတော့ ခေါ်ယူသွားမှာဖြစ်တယ် " လို့ ပြောပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးအချိန်တွေအထိ De Gea ကို ကြိုးစားခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ မန်ယူအသင်းက De Gea ကို လေးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာကြောင့် ခေါ်ယူဖို့ ဝေးကွာခဲ့ရတာပါ။
De Gea ဟာ လောလောဆယ်မှာတော့ မန်ယူအသင်းမှာ သုံးနှစ်ကျော်ကြာ စာချုပ်ကျန်နေသေးပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းကတော့ သူ့ကို အလျင်အမြန်ခေါ်ယူလိုနေတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ရလဒ်ဆိုးတွေကြားမှာ
ရုန်းကန်နေရပြီး De Gea ရဲ့ အနာဂတ်ဆုံးဖြတ်ချက်ဟာလည်း မန်ယူအသင်းကို အကျိုးသက်ရောက်မှုများစွာ ရှိလာနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်လျက်ရှိနေကြပါတယ်။
တချို့မီဒီယာတွေကလည်း ဂိုးသမား De Gea သာ မန်ယူအသင်းက ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင်တော့ မန်ယူအသင်းရဲ့ အခြေအနေတွေဟာ ဒီထက်ဆိုးသွားနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ စီနီယာကစားသမားတွေကို ကောင်းကောင်းထိန်းမထားနိုင်ရင်တော့ မန်ယူအသင်းရဲ့ အနာဂတ်ဟာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပြီး အသင်းရဲ့ နည်းပြ အပြောင်းအလဲပေါ်မှာလည်း အသင်းပုံစံကောင်းပြန်ရ/မရဆိုတာက မူတည်လျက်ရှိပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကတော့ ခြေစွမ်းကျဆင်းနေတဲ့ ယူနိုက်တက်ရဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး De Gea ကို ခေါ်ယူဖို့ ပြန်လည် ချဉ်းကပ်လာတာဖြစ်ပါတယ်။
မန်ယူအသင်းဟာ နောက်ခံလူတွေရဲ့ ဒဏ်ရာပြဿနာတွေကြောင့် လာမယ့်ဇန်နဝါရီလအတွင်းမှာ ဆဲလ်တစ်အသင်းကို အငှားချထားတဲ့ လူငယ်နောက်ခံလူ Blackett ကိုလည်း အသင်းကြီးကို ပြန်လည်ခေါ်ယူသွားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Bleacherreport
0 comments :
Post a Comment