Powered by Blogger.

Globe Soccer ဆုပေးပွဲမှာ အောင်ပွဲခံခဲ့တဲ့ ဘာစီလိုနာ


ဒူဘိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ Globe Soccer ဆုပေးပွဲမှာတော့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဘာစီလိုနာရဲ့ နာမည်ကျော်တိုက်စစ်မှူး Messi က ဆွတ်ခူးခဲ့ပါတယ်။ Messi တစ်ယောက်တည်းသာ ဒီဆုပေးပွဲမှာ အောင်မြင်ခဲ့တာမဟုတ်ဘဲနဲ့  သူ့ရဲ့ ကလပ်အသင်းဘာစီလိုနာက တစ်နှစ်တာအကောင်းဆုံး ကလပ်အသင်းဆု ၊ လူစိတ်အဝင်စားဆုံး ကလပ်အသင်းဆု နဲ့ အသင်းရဲ့ ဥက္ကဌ Bartomeu ကလည်း တစ်နှစ်တာအကောင်းဆုံးဥက္ကဌဆုတွေကိုပါ အသီးသီးရရှိခဲ့ကြတာပါ။


ဒါ့အပြင် ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးဆုတွေကိုတော့ ချယ်လ်ဆီးကွင်းလယ်လူဟောင်း Lampard နဲ့ အေစီမီလန်နဲ့ ဂျူဗင်တပ်ကွင်းလယ်လူ Pirlo တို့ကလည်း ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

" ကျွန်တော် ဒီဆုတွေကို ရခဲ့လို့ အရမ်းကျေနပ်မိတယ်။ အသင်းကလည်း အောင်မြင်ခဲ့လို့ ပိုပျော်ရတယ်။ ဒီနှစ်က သာမန်ထက် ပိုထူးခြားတဲ့နှစ်တစ်နှစ်ပါပဲ " လို့ Messi က ကျေးဇူးတင် စကားပြောခဲ့ပါတယ်။





C.Ronaldo နဲ့ Mourinho တို့ရဲ့ အေးဂျင့်ဖြစ်သူ Jorge Mendes ကလည်း တစ်နှစ်တာအကောင်းဆုံး အေးဂျင့်ဆုကို ရယူနိုင်ခဲ့ပြီး ဘယ်လ်ဂျီယံနည်းပြ Marc Wilmots ကတော့ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကတော့ အကောင်းဆုံးလူငယ်အကယ်ဒမီဆုကိုရခဲ့ပြီး ဒိုင်လူကြီး Ravshan Irmatov ကတော့ အကောင်းဆုံး ကွင်းလယ်ဒိုင်ဆုကို ရရှိခဲ့ပါတယ်။


Messi ဟာဆိုရင်တော့ အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ Ronaldo နဲ့ ဂျုဗင်တပ်ဂိုးသမား Buffon တို့ကို ကျော်ဖြတ်ပြီး ဒီဆုကိုရခဲ့တာပါ။ ၂၀၁၄ ခုနှစ်တုန်းကတော့ Ronaldo က အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။




( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment