Powered by Blogger.

သမိုင်းကြွေးကို ဆပ်နိုင်မလား Hiddink.....




လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက် ၊ ၁၉၉၈ ခုနှစ်မှာ ဘာနေဗျူးကွင်းကြီးထဲမှာ အယ်လ်ကလာစီကိုပွဲစဉ်ကြီးတစ်ခုကို ကျင်းပနေတယ်။ ကွင်းဘေး Technical စည်းဘေးနားကနေ ဒတ်ခ်ျလူမျိုးနည်းပြနှစ်ယောက် ကိုယ့်အသင်းကိုအာရုံစိုက်ပြီး လုပ်စရာရှိတာလုပ်နေကြတယ်။ သူတို့နှစ်ယောက်ကြားမှာ လက်ဆွဲနှုတ်ဆက်မှုတွေ ၊ အလာပ သလာပပြောကြားမှုတွေ ပျောက်ဆုံးနေပြီး နည်းပြနှစ်ယောက်ကြားက သွေးအေးတိုက်ပွဲကို တိတ်တိတ်လေးဆင်နွှဲနေကြတယ်။

ဘာစီလိုနာနည်းပြအဖြစ်တော့ Louis Van Gaal က ကိုင်တွယ်နေပြီး ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ်တော့ Guus Hiddink က ကိုင်တွယ်နေခဲ့တဲ့ကာလတွေ ဖြစ်တယ်။ အဲ့ဒီအယ်လ်ကလာစီကိုကတော့ နည်းပြနှစ်ယောက်ရဲ့ နည်းဗျူဟာပိုင်းပြိုင်ဆိုင်မှုတွေနဲ့ နှစ်ဂိုးစီသရေကျခဲ့ပြီး ဒုတိယအကျော့မှာတော့ Van Gaal ရဲ့ ဘာစီလိုနာအသင်းက သုံးဂိုးပြတ်နဲ့ အောင်ပွဲခံခဲ့တယ်။ အဲ့ဒီရဲ့ အယ်လ်ကလာစီကို အရှုံးက ရီးရဲလ်နည်းပြ Hiddink ကို နည်းပြထိုင်ခုံကနေ ကန်ကျောက်ခံလိုက်ရတဲ့ သော့ချက်ပဲ။ Hiddink ကတော့  သူရီးရဲလ်နည်းပြကနေ ထုတ်ပယ်ခံလိုက်ရတာဟာ Van Gaal ရဲ့ ဘာကာကို ရှုံးနိမ့်ခဲ့လို့ ဆိုတာ သူသိတယ်။  အဲ့ဒီကိစ္စကို အစာမကျေဖြစ်နေတဲ့ Hiddink က အခုဆိုရင်တော့ Van Gaal ကို လက်စားချေခွင့်ရမယ့် အခွင့်အရေးမျိုးသူ့မှာ ပြန်ရလာခဲ့ပါပြီ။

သူတို့နှစ်ယောက်ဟာ နယ်သာလန်ဘောလုံးလောကမှာလည်း နာမည်ကျော်နည်းပြတွေဖြစ်ခဲ့ပြီး ပြိုင်ဆိုင်မှုက အမြဲပြင်းထန်နေခဲ့တယ်။ Van Gaal က အေဂျက်စ်အသင်းကို ကိုင်တွယ်ခဲ့ပြီး Hiddink က ပီအက်စ်ဗွီအသင်းကို ကိုင်တွယ်ခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုက နယ်သာလန်မှာ ထင်ရှားခဲ့တယ်။နောက်ပိုင်းမှာတော့ Hiddink က နယ်သာလန်နည်းပြဖြစ်လာချိန်မှာ ဒတ်ခ်ျချန်ပီယံ Van Gaal ရဲ့ အေဂျက်စ်အသင်းက ခြေစွမ်းပြ ကစားသမားတွေကိုတောင် ငါးယောက်ထက်ပိုမရွေးခဲ့လို့ ဝေဖန်သံတွေတောင် ဆူညံခဲ့တယ်။

Van Gaal က မော်ဒန်ဘောလုံးလောကရဲ့ ဥသျှောင်လို့တောင် တင်စားရအောင် နည်းစနစ်ကြွယ်ဝတဲ့သူဖြစ်ပေမယ့်လည်း သူ့နည်းစနစ်အတိုင်း ကစားသမားတွေကို စက်ရုပ်လို ပုံသွင်းခဲ့တာပါ။ စည်းကမ်းလည်းတအားကြီးပါတယ်။ Hiddink ကတော့ သဘောကောင်းတဲ့ နည်းပြဖြစ်ပြီး Van Gaal လောက် အောင်မြင်မှုမရခဲ့ပေမယ့်လည်း သူ့အဆင့်နဲ့သူရှိတဲ့နည်းပြတစ်ယောက် ဖြစ်ပါတယ်။ Van Gaal ကိုတော့ ကစားသမားအတော်များများက မုန်းကြပြီး Hiddink ကိုတော့ ချစ်ကြပါတယ်။

နယ်သာလန်ကွင်းလယ်လူ Wesley Sneijder ကတော့ " Van Gaal ဟာ အရိုက်ကြမ်းတဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး Hiddink ကတော့ ခင်စရာကောင်းတဲ့ ဦးလေးကြီးတစ်ယောက် " လို့ ပြောခဲ့ဖူးပါတယ်။

 အခုလောလောဆယ်ကာလမှာတော့  မန်ယူနည်းပြဖြစ်နေတဲ့ Van Gaal က ဖိအားတွေ အောက်မှာရှိနေပြီး နည်းပြထိုင်ခုံက ခပ်လှုပ်လှုပ်ဖြစ်နေတာပါ။ မန်ယူနည်းပြနေရာကနေ ခဏနေရင် ထွက်ရတော့မယ်ဆိုတာ သူသိတယ်။ ဒါပေမယ့်လည်း လာမယ့် ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်ကို သူဆက်ပြီး ကိုင်တွယ်ရနိုင်ဖို့ အခွင့်အရေးတွေ ရှိနေသေးတယ်။

ဒါ့ကြောင့် Hiddink ကတော့ သူ့ကို ရီးရဲလ်နည်းပြဘဝကနေ ကန်ချခဲ့တဲ့ Van Gaal ကို ပြန်ကန်ချဖို့ အခွင့်အရေးရလာခဲ့ပါပြီ။ ဒါ့ကြောင့် ဒီနေ့ညမှာကစားမယ့် မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ Hiddink က တစ်ဖန်ပြန်ပြီး Van Gaal ကို ထုတ်ပယ်ခံရအောင် စွမ်းဆောင်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတော့တယ်။





( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment