Powered by Blogger.

စတုတ်စီးတီး ကို ရှုံးနိမ့်ခဲ့မှုဟာ အသင်းသား တွေကြောင့်လို့ အပြစ်တင်လိုက်တဲ့ Van Gaal





မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာရတော့မယ့် မန်နေဂျာ ကြီး Louis Van Gaal ဟာ မနေ့ညက စတုတ်စီးတီး အသင်းကို ရှုံးနိမ့်ခဲ့မှုနဲ့ ပတ်သက်ပြီး မန်ယူ အသင်းသားတွေကို အပြစ်တင်ပြောဆိုလိုက်ပါတယ်။

Louis Van Gaal က အပြစ်တင်ခဲ့တာကတော့ ဒီပွဲမှာ မန်ယူ အသင်းသားတွေဟာ  ပိုမိုများပြားလာတဲ့ ဖိအားတွေကြောင့် ဘောလုံးကစားဖို့ ကြောက်ရွံ့ နေခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

ဒီပွဲမှာတော့ မန်ယူအသင်း ရဲ့ ကစားကွက်ဟာ ပထမ ပိုင်းအစမှာကတည်းက ဟန်ချက်ပျက်နေခဲ့ပြီး ပထမပိုင်း  ၁၉ မိနစ်မှာတင်ပဲ စတုတ်စီးတီးအသင်းအတွက် အဖွင့်ဂိုး ကို Bojan က သွင်းယူသွားခဲ့ပြီး နောက်ထပ် ၇ မိနစ်အကြာမှာပဲ Marko Arnautovic က အနိုင်ဂိုးကို ထပ်မံ သွင်းယူသွားတာကြောင့် သရဲနီတို့ မျှော်လင့်ချက်မဲ့ခဲ့ရသလို Van Gaal လည်း သွေးပျက်သွားခဲ့ရပါတယ်။

ဒုတိယ ပိုင်းမှာတော့ မန်ယူအသင်းဘက်က Marouane Fellaini ၊ Anthony Martial နဲ့ Juan Mata တို့ရဲ့  ထိုးစစ်ဆင်မှုတွေကိုလည်း စတုတ်စီးတီး အသင်း ရဲ့ ဂိုးသမား Jack Butland က လက်စွမ်းပြ ကာကွယ်ခဲ့တာကြောင့် ခရစ်စမတ် အပြီးနောက်တစ်နေ့ဟာ Van Gaal အတွက် အိပ်မက်ဆိုးတွေ သာ လက်ဆောင်ပြန်ရခဲ့ရှာပါတယ်။

“ငါ့အမြင်ကတော့ ငါတို့အသင်းဟာ ပထမပိုင်းမှာ ဘောလုံးကစားတာ မရဲခဲ့ပါဘူး။ ပြီးတော့ ငါတို့ဟာ ကောင်းမွန်တဲ့ ဂိုးရနိုင်ခြေ တွေကို စွန့်လွှတ်ခဲ့ရပါတယ်။ အရမ်းများပါတယ်။ ငါတို့ဟာ ဖိအားတွေကြောင့် ဘောလုံး ကောင်းစွာ မကစားနိုင်ခဲ့သလို အသင်းအနေနဲ့ရော ကစားသမား တစ်ယောက်ချင်းအနေနဲ့ပါ အခြေအနေအရပ်ရပ်ကို ထိရောက်စွာ မကိုင်တွယ်နိုင်ခဲ့ပါဘူး” လို့ အသက် ၆၄ နှစ်အရွယ် ဟော်လန်နိုင်ငံသား Van Gaal က ဆိုလိုက်ပါတယ်။

မန်ယူအသင်းဟာ လက်ရှိမှာ ၁၈ ပွဲကစားပြီး ၈ ပွဲနိုင် ၊ ၅ ပွဲသရေ ၊ ၅ ပွဲရှုံးပြီး ရမှတ် ၂၉ မှတ် နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရဲ့  အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment