မထင်မှတ်တာတွေ ဖြစ်လာခဲ့တဲ့ ဘောက်ဆင်ဒေးပွဲစဉ်များ
အစဉ်အလာကြီးမားခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ဘောက်ဆင်ဒေးကတော့ အံ့သြဖွယ်ရာတွေအတိနဲ့ပဲ ပြီးဆုံးသွားခဲ့ပါပြီ။ မန်စီးတီး၊ စပါး၊ လီဗာပူးလ်တို့ကတော့ အမှတ်ပြည့်ရယူနိုင်ခဲ့ပြီးတော့ လက်စတာ ၊ မန်ယူနဲ့ အာဆင်နယ်အသင်းတို့ကတော့ လက်ဗလာနဲ့
အိမ်ပြန်ခဲ့ကြရပါတယ်။
မနေ့ည အစောပိုင်းက ကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ မန်ယူ အသင်းက စိတ်ပျက်စရာ ကစားပုံကို ပြသခဲ့ပြီး စတုတ်အသင်းရဲ့ ဘရစ်တန်နီးယားကွင်းမှာ နှစ်ဂိုးဂိုးမရှိနဲ့ အရှုံးပေးခဲ့ရပါတယ်။
မန်ယူ အသင်းရဲ့ နောက်ခံလူတွေ ဒဏ်ရာရနေကြလို့ မပါဝင်နိုင်ချိန်မှာ အခုလိုမျိုး ဂိုးတွေကို လွယ်လွယ်လေး ခွင့်ပြုလိုက်ရပါတယ်။
အသင်းခေါင်းဆောင် Rooney ကတော့ ဒဏ်ရာ ပြဿနာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ခြေစွမ်းပျောက်နေတဲ့ Depay အစားဝင်ရောက်ကစားခဲ့ပါတယ်။ မန်ယူနည်းပြ Van Gaal ကတော့ အခုလို အရှုံးကြောင့် ဖိအားတွေ ထပ်တိုးခဲ့ရပြီး နောက်ဆုံးခုနစ်ပွဲမှာ နိုင်ပွဲမရသေးတဲ့ စံချိန်ကိုပါ ထပ်မံ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ စတုတ်အသင်းရဲ့ အနိုင်ဂိုးတွေကိုတော့ ၁၉ မိနစ်မှာ Bojan Krkic နဲ့ ၂၆ မိနစ်မှာ Arnautovic တို့က သွင်းယူပေးခဲ့တာပါ။
လက်စတာအသင်းရဲ့ ရွှေရောင်နေ့ရက်တွေကို လီဗာပူးလ်က ရိုက်ချိုးနိုင်ခဲ့ပါတယ်။ လီဗာပူလ်အသင်းကတော့ Firmino နဲ့ Origi တို့ကို တိုက်စစ်ကို ဦးဆောင်ကစားစေခဲ့ပြီး ၃၉ မိနစ်မှာ Origi ဒဏ်ရာရခဲ့လို့ Benteke ကို လူစားလဲခဲ့ပါတယ်။ လူစားဝင် တိုက်စစ်မှူး Benteke က ၆၃ မိနစ်အရောက်မှာ Firmino ရဲ့ ပေးပို့်မှုကနေ အနီးကပ်ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။
စိန့်မေရီမှာ ရုန်းတတ်ရတဲ့ အာဆင်နယ်ကတော့ အစဉ်အလာမပျက်ခဲ့ပါဘူး။ အာဆင်နယ်ရဲ့ ကစားပုံက စုပြုံတိုက်စစ်ဆင်နေခဲ့ပြီး တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် လေးဂိုးပြတ်ရှုံးတဲ့အဖြစ်ကို ရောက်သွားတာပါ။
ကစားကွက်ဖန်တီးရှင် Ozil ကို စိန့်နောက်တန်းက လှုပ်လို့မရအောင် ထိန်းကစားနိုင်ခဲ့ပါတယ်။ Ozil ဘောလုံးပျောက်သွားတာကြောင့် အာဆင်နယ်ရဲ့ အသက် passing တွေ ထွက်မလာခဲ့ပါဘူး။ Sanchez လို တစ်ကိုယ်တော် ထိုးဖော်တတ်တဲ့ ကစားသမား ဒီအချိန်မှာ ပါမလာတာက အာဆင်နယ်နစ်နာခဲ့ရပါတယ်။
ဆောက်သမ်တန်အသင်းကလည်း ကစားပုံအကောင်းကြီးမဟုတ်ခဲ့ပေမယ့်လည်း မထင်မှတ်တဲ့ အနေအထားကနေ Martina က ဦးဆောင်ဂိုးသွင်းပေးပြီးတဲ့နောက်မှာတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အသာစီးရသွားခဲ့တာပါ။
အာဆင်နယ်ကတော့ ဇယားထိပ်ကိုရောက်လိုတဲ့ အခွင့်အရေးကို အားပြုပြီး တိုက်စစ်ဆင်ချင်စိတ်တွေများနေခဲ့တာကြေ.င့် တန်ပြန်တိုက်စစ်ကနေ ဂိုးတွေ ပေစလိုက်ရပြီး မနှစ်မြို့ဖွယ် အရှံးကို လက်ခံခဲ့ရပါတယ်။
ိ
မန်စီးတီးနဲ့ စပါးတို့ကတော့ အမှတ်ပြည့်ရယူနိုင်ခဲ့ပြီး မန်စီးတီးက ဆန်းဒါးလန်းအသင်းကို လေးဂိုးတစဂိုး ၊ စပါးကလည်း နောဝစ်ခ်ျအသင်းကို သုံးဂိုးဂိုးမရှိတို့နဲ့ အိမ်ကွင်းမှာ နိုင်ပွဲတွေ ဖော်ဆောင်ခဲ့ကြပါတယ်။ လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းကလည်း အကောင်ဆုံးကစားပုံတစ်ခုကို ပြန်ရခဲ့ပြီး ဝက်ဒ်ဖို့ဒ်အသင်းကို အိမ်ကွင်းမှာ နှစ်ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Dailymail
0 comments :
Post a Comment