Powered by Blogger.

‌Neymar ကို ​ခေါ်ယူဖို့ စိတ်​ဝင်​စား​နေတဲ့ မန်​စီးတီး

 မန်​စီးတီးအသင်း​ဟာ ဘာစီလိုနာ တိုက်​စစ်​မှူး Neymar ကို ​ခေါ်ယူဖို့ စိတ်​ဝင်​စား​နေတယ်​လို့ ​နောက်​ဆုံးရရှိထားတဲ့ အ​ပြောင်းအ​ရွေ့ သတင်း​တွေအရ သိရပါတယ်​။ Neymar ဟာဆိုရင်​ ​ကစားခဲ့တဲ့ ​ပွဲစဉ်​တိုင်းလိုလိုမှာ ​ခြေစွမ်း​တွေပြနိုင်​ခဲ့ပြီး​တော့ ကမ္ဘာ့အ​ကောင်းဆုံးကစားသမားဆုအတွက်​ ​နောက်​ဆုံးဆန်​ကာတင်​သုံး​ယောက်​မှာ Ronaldo ,Messi တို့နဲ့အတူ ပါဝင်​လျက်​ရှိ​နေပါတယ်​။

သူဟာ စပိန်​နိုင်​ငံရဲ့ အခွန်​ပြဿနာ​တွေ​ကြောင့်​ အသင်း​ပြောင်း​နေလိုတယ်​ဆိုတာကို အခွင့်​အ​ရေးယူပြီး မန်​စီးတီးအသင်းကလည်း ဒီတိုက်​စစ်​မှူးကို စိတ်​ဝင်​စားလာတာပါ။

သူ့ကို​တော့ မန်​ယူအသင်းကလည်း ကာလရှည်​စိတ်​ဝင်​စား​နေခဲ့ပြီး အခုဆိုရင်​​တော့ မန်​စီးတီးကလည်း စိတ်​ဝင်​စားလာတာပါ။
မန်​စီးတီးအသင်းက​တော့ သူ့ကို ​ပေါင်​သန်း​ခြောက်​ဆယ်​​လောက်​ အနည်းဆုံးသုံးစွဲ ​ခေါ်ယူဖို့ ပြင်​ဆင်​သွားမယ်​လို့လည်း သိရပါတယ်​။

ဘာစီလိုနာက​တော့ သူတို့တိုက်​စစ်​မှူးကို ​ရောင်းချဖို့ ဆန္ဒမရှိဘဲ အသင်းမှာ စာချုပ်​သက်​တမ်းတိုးနိုင်​ဖို့ကိုသာ ကြိုးစားလျက်​ရှိတယ်​လို့ သိရပါတယ်​။


(Paing A K)

#သစ်​ထူးလွင်​(အားကစား)
#sports.thithtoolwin.com

Ref : Goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment