Powered by Blogger.

လူငယ်ကစားသမား Blackett ကို အရေးပေါ်ပြန်လည် ခေါ်ယူဖွယ်ရှိတဲ့ မန်ယူ






နောက်ခံလူတွေရဲ့ ဒဏ်ရာပြဿနာတွေကို အများဆုံး တွေ့ကြုံနေရတဲ့ မန်ယူအသင်းဟာ ဆဲလ်တစ်အသင်းကို အငှားချထားတဲ့ နောက်ခံလူ Tyler Blackett ကို အသင်းကို ပြန်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီအသက် ၂၁ နှစ် အရွယ် ကစားသမားဟာ ဘယ်နောက်ခံလူနဲ့ ဗဟိုနောက်ခံလူအဖြစ်ပါ ကစားနိုင်ပြီး အဲ့ဒီနေရာမှာ ကစားနိုင်တဲ့ Luke Shaw နဲ့ Marcos Rojo တို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့်  သူ့ကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။

သူ့ကိုတော့ လာမယ့်လအတွင်းမှာ ပြန်လည်ခေါ်ယူသွားဖွယ်ရှိပြီး အကျိုးပြုတဲ့ ခေါ်ယူမှုဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေ ပြုလုပ်နေကြပါတယ်။ Blackett ဟာ ဆဲလ်တစ်အသင်းမှာ ခုနစ်ပွဲသာ ပါဝင်ခွင့်ရရှိထားတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ လူငယ်ကစားသမားတွေဖြစ်တဲ့  Axel Tuanzebe နဲ့  Cameron Borthwick-Jackson တို့ကိုလည်း အသင်းကို ပြန်လည်ခေါ်ယူထားပြီးဖြစ်ပါတယ်။

မန်ယူအသင်းနည်းပြ Van Gaal ဟာ စတုတ်အသင်းနဲ့ ယနေ့ ပွဲစဉ်မှာ နိုင်ပွဲမရခဲ့ရင် နည်းပြရာထူးအတွက် ဖိအားရှိလာမှာဖြစ်တာမို့ ဒီပွဲကို သေချာ ပြင်ဆင်နေတာဖြစ်ပါတယ်။ နည်းပြ  Van Gaal ကတော့ သူ့ရဲ့ နည်းပြ အနာဂတ်နဲ့ ပတ်သက်ပြီး မေးတဲ့မေးခွန်းတွေကို  ဒေါသတကြီးပြန်လည် ပြောဆိုခဲ့ပြီး သူ့အနေနဲ့ ဝတ္တရားအရသာ ဒီလို မေးခွန်းတွေကို ပြန်လည်ဖြေကြားနေတာဖြစ်တယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment