Powered by Blogger.

ချယ်လ်ဆီးနည်းပြသစ် Guus Hiddink ပြင်ဆင်ရမယ့်(၅)ချက်




ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ Guus Hiddink မှာ ပြင်ကိုပြင်ရမယ့်အချက်ငါးချက်ရှိတယ်လို့ The Sun သတင်းစာက ဆိုပါတယ်။ ဘာတွေပြင်ရမလဲဆိုတာကို တစ်ချက်လောက်လေ့လာကြည့်ရအောင်။


(၁) အသင်းသားတွေနဲ့ ပေါ့ပေါ့ပါးပါးနေပြီး ဆက်ဆံရေးကို တိုးမြှင့်ရမယ်

ချယ်လ်ဆီးအသင်းရဲ့ နည်းစနစ်ဒါရိုက်တာ Emanalo ရဲ့ အဆိုအရတော့ နည်းပြဟောင်း Mourinho နဲ့ ကစားသမားတွေကြားမှာ ပြဿနာတစ်ချို့ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် နည်းပြသစ် Hiddink အနေနဲ့ ကစားသမားနဲ့ နည်းပြကြားက ဆက်ဆံရေးကို တိုးမြှင့်ပြီး အသင်းသားတွေနဲ့ နည်းပြကြားဆက်ဆံရေး ဒဏ်ရာတွေကို ကုစား နေထိုင်သင့်တယ်လို့ အကြံပြုထားပါတယ်။


(၂) နောက်တန်းကို ပြန်ပြီး စုစည်းရမယ်

ချယ်လ်ဆီးအသင်းရဲ့ စိတ်ပျက်စရာနောက်တန်းကို  Hiddink အနေနဲ့အမြန်ဆုံး ပြန်ပြင်ဆင်သင့်တယ်လို့ အကြံပြုထားပါတယ်။ ချယ်လ်ဆီးနောက်တန်းဟာ စိတ်ပျက်စရာ ကစားပုံကို ပြသထားပြီး ဒီရာသီမှာ ၂၇ ဂိုးအထိပေးထားရပါတယ်။

ဒါ့ကြောင့် Hiddink အနေနဲ့ အသင်းနောက်တန်းကို ပုံရိပ်ပြန်မြှင့်တင်ပေးပြီး လူငယ်ခြေတက် နောက်ခံလူတစ်ယောက်ယောက်ကို ခေါ်ယူဖို့  စီစဉ်ပေးထားသင့်တယ်လို့ တင်ပြထားပါတယ်။ ပွဲတိုင်းကို cleansheet ရအောင်လည်း ညွှန်ကြား ကစားခိုင်းသင့်တယ်လို့ အကြံပြုထားပါတယ်။


(၃) တိုက်စစ်ကို ပိုအသားပေးသင့်တယ်

ချယ်လ်ဆီးအသင်းဟာ Mourinho လက်ထက်တုန်းကလို နောက်တန်းအားပြု မကစားသင့်တော့ဘဲ တိုက်စစ်ကို အသားပေးသင့်တယ်လို့ ရေးပြထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပုံစံကောင်းကို ပြန်ရလာနိုင်ဖို့အတွက် တိုက်စစ်ကို ဂိုးများများသွင်းခိုင်းဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။ အသင်းရဲ့ အဓိက ကစားသမားနှစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူး Diego Costa နဲ့ ကွင်းလယ်လူ Hazard တို့ကို ထောက်ပံ့မှုတွေ ပြုလုပ်ပြီး စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်ပေးသင့်တယ်လို့လည်း အကြံပြုထားပါတယ်။





(၄) လူငယ်တွေကို နေရာပိုပေးသင့်နေပြီ

ချယ်လ်ဆီးအသင်းဟာ အကောင်းဆုံး လူငယ်ကစားသမား အစုအဖွဲ့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ချယ်လ်ဆီးလူငယ်အစုအဖွဲ့ဟာ နိုင်ငံတကာအသင်းတွေရဲ့ အလားအလာရှိတဲ့ ကစားသမားလေးတွေပါ။ လူငယ်ငါးယောက်ရှိပြီး  Hiddink က ကောင်းကောင်းအသုံးချနိုင်ရင်တော့ အတော်အဆင်ပြေမယ့် ကစားသမားလေးတွေပါ။ အထူးသဖြင့်  Loftus Cheek လို ကစားသမားလေးတွေပေါ့။




(၅) Willian ကို တည်ကစားသင့်တယ်

ဘရာဇီးကွင်းလယ်လူ Willian က အခုလောလောဆယ် ချယ်လ်ဆီးမှာ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်နေတယ်။ အသင်းရဲ့ အကျပ်အတည်းတွေကို ဒီထက်ဆိုးမလာအောင် ထိန်းပေးနေတဲ့သူတစ်ယောက်ပါ။

 ချယ်လ်ဆီးမှာ ပုံမှန်ခြေစွမ်းပြနေတာ သူပဲရှိတော့ပြီး နည်းပြ Hiddink အနေနဲ့ သူ့ကို  ကောင်းကောင်းထောက်ပံ့ပေးနိုင်မယ်ဆိုရင် အသင်းကစားပုံပိုတက်လာမယ်လို့ ပြောထားပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ရလဒ်တွေကြောင့် ကစားသမားတွေ စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ မလျှော့ဘဲ အကောင်းဆုံးကစားနိုင်ခဲ့တာ သူပဲ။ သူ့ကို ပိုပြီး အဓိကနေရာမှာ ကစားခိုင်းမယ်ဆိုရင်တော့ အသင်းရဲ့ ကစားပုံကောင်းကောင်းကို ရနိုင်မှာပါ။ဒီလို လုပ်ပေးတာကတော့ Willian ရဲ့ သစ္စာရှိမှုနဲ့ ကြိုးစားမှုကို Hiddink က အသိအမှတ်ပြုတဲ့ သဘောပါပဲလို့ ရေးသားထားပါတယ်။



( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment