Powered by Blogger.

တကယ်မိုက်တဲ့ CR7 ရဲ့ နေအိမ်


Ronaldo ရဲ့ ပရိသတ်တွေကတော့ Ronaldo ရဲ့ နေအိမ်ကို သူ့ရဲ့ ရုပ်ရှင်အတွင်းမှာသာ တွေ့မြင်ခဲ့ရပေမယ့်လည်း အခုဆိုရင်တော့ အိမ်ကြီးရဲ့ အသေးစိတ်ကို လေ့လာနိုင်မယ့် အခွင့်အရေးတွေ ရရှိလာခဲ့ပြန်ပါပြီ။
Ronaldo ဟာ သူ့ရဲ့ အိမ်အတွင်းပိုင်းတွေကို သူကိုယ်တိုင် လိုက်လံရှင်းပြထားတဲ့ ဗီဒီယိုအတို တစ်ခုကို မျှဝေခဲ့ပါတယ်။ သူ့ရဲ့ အဖိုးတန်အိမ်ကြီးကို စိတ်တိုင်းကျတည်ဆောက်နိုင်ဖို့အတွက် သူကိုယ်တိုင် အချိန်တစ်နှစ်လောက် စီမံကြီးကြပ်ခဲ့ရပြီးတော့ ပေါင် ၄.၈ သန်းလောက် ကုန်ကျခဲ့ရတယ်လို့လည်း သိရပါတယ်။




သူ့ရဲ့ အိမ်ဟာ မက်ဒရစ်မြို့ရဲ့ အနောက်ဘက် Moncloa ဒေသမှာ တည်ရှိပြီး ရီးရဲလ်အသင်းဖော် Bale နဲ့  လူငယ်အသင်းနည်းပြ Zidane  တို့ရဲ့ နေအိမ်နဲ့ နီးနီးကပ်ကပ် တည်ရှိတယ်လို့ သိရပါတယ်။ သူဟာ ကင်မရာသမားတစ်ယောက်နဲ့ အတူ အိမ်အတွင်းကို လိုက်လံ မိတ်ဆက်ပေးခဲ့ပြီး အိပ်ခန်း ၊ ဧည့်ခန်း နဲ့ ဥယျာဉ်တွေနဲ့ ဘောလုံးလေ့ကျင့်တဲ့ ကွင်းငယ်တစ်ခုနဲ့ ရေကူးကန်တွေလည်း ပါဝင်တာကို တွေ့ရပါတယ်။

သူ့ရဲ့ ခြံဝန်းဟာ ၈၆၀၀ စတုရန်းပေ ကျယ်ဝန်းပြီးတော့ တစ်ထပ်တိုက်အမျိုးအစားပါ။ သူ့အိမ်ထဲမှာတော့ သူ့ရဲ့ အိပ်ခန်းအပါအဝင် အိပ်ခန်း ရှစ်ခန်း ၊   ဆုဖလားတွေထားတဲ့အခန်း ၊ ဧည့်ခန်း ၊ ထမင်းစားခန်း နဲ့ ကလေးအတွက် ကစားစရာအခန်းတွေကိုပါ ထည့်သွင်းဆောက်လုပ်ထားပါတယ်။



" ကျွန်တော်အိပ်တဲ့နေရာကလည်း အရေးကြီးပါတယ်။ အနားယူမယ့်နေရာကို ကောင်းကောင်းပြင်ဆင်ထားတယ်။ ထမင်းစားခန်းကတော့ ပိုလို့တောင် အရေးပါတယ်။ ကျွန်တော်က အိပ်မှာပဲ စားတာများတယ်။ ကျွန်တော့် စားဖိုမှူးရဲ့ လက်ရာတွေကတော့ မယုံနိုင်စရာပဲ။ ကျွန်တော်က ရက်ဝက်လောက်ကို အိမ်မှာပဲအနားယူဖြစ်တယ် " လို့ Ronaldo က ပြောပါတယ်။

သူရဲ့ အောင်မြင်မှုအဓိကသော့ချက်ဟာ အစားအစာနဲ့ အာဟာရကို အဓိကကျကျမှီဝဲလို့ ဖြစ်တယ်လို့ CR 7 ကပြောပါတယ်။




( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail 

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment