Powered by Blogger.

နည်းပြဘဝမတိုင်ခင်က အိပ်မက်တွေကို ဖွင့်ဟလိုက်တဲ့ Jurgen Klopp



လီဗာပူးလ်အသင်းရဲ့ နည်းပြဖြစ်သူ Klopp ဟာ လီဗာပူးလ်အသင်းဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ သူဟာ ငယ်ငယ်တည်းက ဘောလုံးအားကစားကို စိတ်ဝင်တစားသင်ယူခဲ့ပြီး ဘောလုံးလောကကို ဝင်ရောက်ချင်စိတ်တွေ ပြင်းပြခဲ့တဲ့သူဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ ကစားသမားဘဝတုန်းက ဂျာမန်ကလပ် မိန့်ဇ်အသင်းမှာ ၁၁ နှစ်ကြာဘောလုံးကစားခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ နည်းပြတစ်ဖြစ်နဲ့ ဂျာမန်ဘောလုံးလောကအတွင်းကို ဝင်ရောက်လာခဲ့တာပါ။


သူဟာ ကစားသမားဘဝမှာတော့ မအောင်မြင်ခဲ့ဘဲ အသက် ၃၀ အရွယ်မှာတင်ပဲ အနားယူခဲ့ပါတယ်။ " ကျွန်တော့်မှာ ပိုက်ဆံလည်း မရှိခဲ့ဘူး။ ဒါပေမယ့်လည်း ကျွန်တော်ချစ်တဲ့ ဘောလုံးပညာနဲ့ လှပတဲ့ အနာဂတ်ကို ပြန်ရရှိအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်ခဲ့တယ် " လို့ Klopp က ပြောပါတယ်။

Klopp ဟာ လီဗာပူးလ်အသင်းရဲ့ အယောက် ၂၀ မြောက် နည်းပြဖြစ်ပြီး Rodgers ရဲ့နေရာကို အစားထိုးဝင်ရောက်ခဲ့တဲ့သူပါ။ " ကျွန်တော် ကစားသမားဘဝတုန်းက ကစားပွဲတစ်ခုရဲ့ နည်းစနစ်တွေနဲ့ သိပ်အကျွမ်းမဝင်ခဲ့ဘူး။ ဒါ့ကြောင့် ကျွန်တော့်ကို ကျွန်တော် မုန်းမိခဲ့တယ် " လို့ Klopp က ထပ်လောင်းပြောပြခဲ့ပါတယ်။

" ကျွန်တော် မန်နေဂျာတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ရတယ်။ ကျွန်တော် အသက် ၂၅ နှစ်မှာ ဘောလုံးကစားတာကို ရပ်ပြီး နည်းပြလုပ်ဖို့ တစ်ယောက်ယောက်က အကြံပေးခဲ့တယ်။ ကျွန်တော့်နည်းပြဘဝအစမှာ မိန့်ဇ်အသင်းကို ခုနစ်နှစ်နည်းပြခဲ့ပြီး ဒေါ့မွန်အသင်းကို နည်းပြ လုပ်ခဲ့တယ်။ ရလဒ်အနေနဲ့တော့ ဘွန်ဒက်စ်လီဂါဖလားနဲ့ ချန်ပီယံလိဂ်မှာ ဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တယ် " လို့ Klopp က ပြောပြခဲ့ပါတယ်။





( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : SkySports
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment