Powered by Blogger.

စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့တဲ့ အာဆင်နယ်ဂိုးသမား Petr Cech



အာဆင်နယ် အသင်းရဲ့ ဂိုးသမား Petr Cech ကတော့ မနေ့ညက ကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်အပြီးမှာ စံချိန်တစ်ခုကို တင်နိုင်လိုက်ပါတယ်။ သူကတော့ ပရီးမီးယားလိဂ်ရဲ့ ဂိုးသမားတွေထဲမှာ clensheet ရတဲ့ပွဲ(ဂိုးမပေးရတဲ့ပွဲ) အများဆုံးစံချိန်ကို ရရှိခဲ့တာဖြစ်ပါတယ်။

ချက်လက်ရွေးစင် ဂိုးသမားကတော့ ယခင်စံချိန်ရှင် အင်္ဂလန်ဂိုးသမား David James ရဲ့ စံချိန် ၁၆၉ ပွဲကို ချိုးဖျက်ခဲ့တာဖြစ်ပြီး Petr Cech ရဲ့ ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ပွဲဟာ ၁၇၀ အထိ ရောက်ရှိလာခဲ့တာပါ။ Cech ဟာ အမှန်တကယ်မှာတော့ ဂိုးမပေးရတဲ့ပွဲဟာ ၁၇၄ ပွဲအထိရှိနေခဲ့ပေမယ့်လည်း လေးပွဲကိုတော့ ပွဲချိန်မိနစ်ကိုးဆယ်ပြည့်အောင် မကစားခဲ့လို့ ထည့်သွင်းမရေတွက်ခဲ့တာပါ။

သူဟာ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့မှာ ၃၅၂ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ဂိုးမပေးရတဲ့ပွဲက ၁၇၀ ရှိခဲ့တာပါ။ သူ့ရဲ့ စံချိန်ကို လိုက်လာနိုင်တယ်လို့ ခန့်မှန်းရတဲ့ သူတွေကတော့ လောလောဆယ်ကစားလျက်ရှိနေတဲ့ ဂိုးသမားတွေထဲမှာတော့ အဲဗာတန် ဂိုးသမား
Tim Howard (ပွဲ ၁၃၀) နဲ့ မန်စီးတီးဂိုးသမား Joe Hart(၁၁၁ ပွဲ) တို့သာရှိတယ်လို့လည်း သိရပါတယ်။

" ဒါကတော့ ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခုပါပဲ။ ကျွန်တော်ကတော့ လိဂ်တစ်ခုရဲ့ အကောင်းဆုံးဂိုးသမားတွေ စုစည်းနေတဲ့နေရာမှာ ထိပ်ဆုံးရောက်ခဲ့လို့ ကျေနပ်ပါတယ်။ ဒီဇယားမှာ ကြည့်လိုက်ရင် တကယ့်ကို ဂန္တဝင်ဆန်တဲ့ ဂိုးသမားတွေချည်းပဲ ရှိနေတာပါ။ ဒီလိုနေရာမှာ ထိပ်ဆုံးရောက်ခဲ့လို့ အတိုင်းမသိဝမ်းသာမိပါတယ်။ ကျွန်တော့်အသင်းကလည်း အရေးပါတဲ့ အနိုင်သုံးမှတ်ကို ရခဲ့လို့ ပိုပြီး ဝမ်းသာရပါတယ် " လို့ Petr Cech က ပြောပါတယ်။




( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : SkySports
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment