Powered by Blogger.

ခြေစွမ်းပြဖို့ထက် အကြွားသန်တဲ့ Depay ကို မန်ယူတာဝန်ရှိသူတွေ စိတ်ပျက်နေ

တန်ဖိုးကြီး Rolls Royce ကားနဲ့ လေ့ကျင့်ရေးကွင်းကို ရောက်လာတဲ့ Depay ကို တွေ့ရစဉ်


မန်ယူအသင်းမှာ စတင် ကစားတည်းက သူ့ရဲ့ ဇိမ်ခံလူနေမှုပုံစံတွေကို နည်းလမ်းတစ်မျိုးပြီး တစ်မျိုးနဲ့ ပြသနေတဲ့ တောင်ပံကစားသမား Depay ကိုတော့ မန်ယူ တာဝန်ရှိသူတွေက စိတ်ပျက်လျက်ရှိနေတယ်လို့ သိရပါတယ်။

မန်ယူအသင်းရဲ့ တောင်ပံကစားသမား Depay ဟာ သူ့ရဲ့ကွင်းပြင်ပနေထိုင်မှုပုံစံတွေကြောင့် လူပြောများပြီး ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။ အကြောင်းကတော့ အသင်းရဲ့လေ့ကျင့်ရေးကွင်းကို တန်ဖိုးကြီး ဇိမ်ခံ Rolls Royce ကားတစ်စီးနဲ့ ရောက်ရှိလာခဲ့လို့ပါ။ သူဟာ ပီအက်စ်ဗွီအသင်းကနေ ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စတုတ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း သူ့အမှားကြောင့် အဖွင့်ဂိုးပေးလိုက်ရတာပါ။

သူဟာ ကွင်းတွင်းမှာ ခြေစွမ်းမပြနိုင်ပေမယ့်လည်း ကွင်းပြင်ပမှာတော့ တကယ့် အကျော်အမော်ကစားသမားတစ်ယောက်လို နေထိုင်တာကြောင့် ဝေဖန်ခံနေရပါတယ်။

Depay ဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းကို လာရောက်ချိန်မှာ ကားအမျိုးမျိုးကို ပြောင်းစီးခဲ့ပြီး မန်ယူအသင်းသားတွေကြားမှာ ကြွားဝါတဲ့ ကစားသမားအဖြစ် ထင်ရှားပါတယ်။ သူဟာ အခုနောက်ဆုံးလေ့ကျင့်ရေးကွင်းကို လာရောက်ခဲ့တဲ့အခါမှာတော့ ပေါင် ၂၄၀၀၀၀ တန် Rolls Royce ကားကို စီးလာခဲ့ပါတယ်။



သူဒီလိုလာရောက်ခဲ့တာကိုတော့ အသင်းတာဝန်ရှိသူတွေက အံ့သြခဲ့ကြပြီး သူ့အနေနဲ့ အသင်းမှာ ခြေစွမ်းမပြနိုင်တာကို မပြင်ဆင်ဘဲနဲ့ အခုလို လုပ်ရပ်တွေလုပ်နေတာကို စိတ်ပျက်လျက်ရှိကြပါတယ်။ သူ့ရဲ့ အခုလို အပြုအမူကိုတော့ ကျန်တဲ့ အသင်းသားတွေက ကွယ်ရာမှာ ရယ်မောခဲ့ကြတယ်လို့လည်း People က ဖော်ပြထားပါတယ်။

သူ့မှာ ကားဘယ်နှစီးရှိတယ်ဆိုတာကို မခန့်မှန်းနိုင်ပေမယ့်လည်း အခုစီးလာတဲ့ကားကလည်း သူ့ရဲ့ ကိုယ်ပိုင်ကားဟုတ်မဟုတ်ဆိုတာကိုလည်း အတိအကျမပြောနိုင်ဘူးလို့ သိရပါတယ်။ သူ့ကိုတော့ လက်ထောက်နည်းပြ Giggs က " အိုးထရက်ဖို့ဒ်မှာ ခြေစွမ်းမပြနိုင်တဲ့ အကြောင်းရင်းကို သေချာလေ့လာဖို့ လိုပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချသင့်တယ် " လို့ ပြောပါတယ်။

သူဟာ ယခုရာသီအစောပိုင်းကလည်း တန်ဖိုးကြီးတဲ့ ဝတ်စားဆင်ယင်ဟန်တွေကြောင့် ဝေဖန်မှုတွေလည်း ခံရပါသေးတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment