Powered by Blogger.

Pogba ကို ခေါ်ယူသွားနိုင်တဲ့ ချယ်လ်ဆီး




ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ ပြန်လည်တည်ထောင်ရေးကာလမှာတော့ ဂျူဗင်တပ်ကွင်းလယ်လူ Paul Pogba ကို ဦးစားပေးပစ်မှတ်အဖြစ် ခေါ်ယူသွားနိုင်ချေရှိနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ အားနည်းနေတဲ့ ကွင်းလယ်လူနေရာအတွက် အခုလိုမျိုး ဂျူဗီစတားကို ကမ်းလှမ်းခဲ့သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း Pogba ကို ခေါ်ယူဖို့ အသံတွေထွက်ဖူးခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ သူ့ကို ခေါ်ယူမယ်ဆိုရင်တော့ ဘာစီလိုနာအသင်းနဲ့ အပြိုင်လုရဖွယ်ရှိနေပြီး တခြားဥရောပအသင်းကြီးတွေကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ Bartomeu ကတော့ Pogba ကို ချီးကျူးမှုတွေ ပြုလုပ်ထားခဲ့ပြီး " အင်အားအကြီးဆုံးကလပ်တွေက သူ့ကို စောင့်ကြည့်နေကြတယ်။ သူက အကောင်းဆုံးကစာစးသမားတစ်ယောက်ဆိုတော့လည်း ကမ်းလှမ်းမှုတွေ ပြုလုပ်နေကြတာပေါ့။ ကျွန်တော်ကတော့ Agnelli (ဂျူဗင်တပ်အသင်းဥက္ကဌ) ရဲ့ မိတ်ဆွေတစ်ယောက်ဖြစ်ပြီး ဂျူဗီကို လေးစားပါတယ်။ သူတို့ရဲ့ ကစားသမားတွေ အကြောင်းကိုတော့ ပြောဖို့ခက်မယ်ထင်တယ် " လို့ Bartomeu  က ပြောခဲ့တာပါ။

အခုလောလောဆယ်မှာတော့ ချယ်လ်ဆီးအသင်းဟာ နေရာပေါင်းစုံကို အားဖြည့်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ဒုတိယအကျော့မှာ အကောင်းဆုံးပြန်လာနိုင်ဖို့ မျှော်လင့်လျက်ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်အတွဲဖြစ်တဲ့ Fabregas နဲ့ Matic တို့ဟာ အသင်းမှာ ယုံကြည်မှုတွေ ပျောက်ဆုံးလျက်ရှိနေတာကြောင့် အသင်းရဲ့ ကွင်းလယ်တစ်နေရာကိုလည်း ချယ်လ်ဆီးအသင်းက အားဖြည့်ဖို့ ကြိုးစားနေခဲ့တာပါ။

ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ Guus Hiddink ရဲ့ အပြောင်းအရွှေ့ ပေါ်လစီကတော့ ဘယ်လိုလာအုံးမလဲဆိုတာ မသိရသေးပေမယ့်လည်း Pogba လို ကစားသမားမျိုးကိုတော့ အဓိကအနေနဲ့ ခေါ်ယူသွားဖွယ်ရှိတယ်လို့ မီဒီယာတွေက ခန့်မှန်းနေကြပါတယ်။
Pogba ဟာ ကွင်းထဲမှာ အတက်အဆင်း ကောင်းကောင်းကစားနိုင်တဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းကိုသာ

အမှန်တကယ်ရောက်ရှိလာခဲ့မယ်ဆိုရင်တော့ အကျိုးရှိတဲ့ ခေါ်ယူမှုဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ သူ့ကိုခေါ်ယူမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်သန်းခြောက်ဆယ်လောက် အနည်းဆုံး သုံးစွဲရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။





( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Bleacherreport
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment