Sturridge နဲ့ Henderson တို့ ပြန်ကစားနိုင်ခြင်းက အသင်းကို ပိုကောင်းလာစေမယ်လို့ Jordon Ibe ပြော
လီဗာပူးလ်အသင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ Daniel Sturridge နဲ့ Jordan Henderson တို့ဟာ ဒဏ်ရာပြဿနာသက်သာလာပြီး ပြန်ကစားနိုင်လာတာကြောင့် အသင်းဟာ လက်ရှိအခြေအနေထက် ကောင်းမွန်တဲ့အခြေအနေတွေပဲ ဖြစ်ပေါ်လာမှာပါလို့ အသင်းမှာ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား Jordon Ibe က ပြောပါတယ်။ အသင်းကို လွှမ်းမိုးနိုင်တဲ့ အဲ့ဒီကစားသမားနှစ်ယောက်ဟာ ဆွမ်ဆီးအသင်းကို တစ်ဂိုးဂိုးမရှိနဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားနိုင်ခဲ့ပြီး အသင်းရဲ့ အခြေအနေတွေက ပိုတိုးတက်လာဖို့သာ ရှိတော့တယ်လို့ Ibe က ထင်နေတာပါ။
အသင်းခေါင်းဆောင် Henderson ကတော့ သြဂုတ်လတည်းက ခြေဖနောင့်နဲ့ ခြေထောက်ဒဏ်ရာတွေကြောင့် မကစားနိုင်ခဲ့ဘဲ Sturridge ကတော့ ဒူးဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်ကိုးပွဲကို လွဲချော်ခဲ့တာပါ။
Liverpool Echo နဲ့ အင်တာဗျူးမှာတော့ Ibe က " သူတို့နှစ်ယောက်ပြန်ကစားနိုင်တာက အသင်းကို တစ်ဆင့်မြှင့်သွားစေသလိုပါပဲ။ သူတို့က ကွင်းထဲမှာလည်း ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားတွေပါ။ ကစားသမားကောင်းတွေကို ပြန်ရတော့မှာဖြစ်တာကြောင့် အသင်းက ပိုကောင်းလာပါလိမ့်မယ်။ Coutinho ကလည်း ပြန်ကစားနိုင်တော့မှာ ဖြစ်တာကြောင့် အတိုင်းထက်အလွန်ပါပဲ။ အခုအချိန်မှာ ဘာမဆိုဖြစ်သွားနိုင်ပါသေးတယ်။ ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံး ကြိုးစားပြီး ဒီနေ့ညမှလည်း အကောင်းဆုံးလုပ်ပြနိုင်အောင် ကြိုးစားပါမယ် " လို့ ပြောပါတယ်။
လီဗာပူးလ်အသင်းဟာ ဆွမ်ဆီးအသင်းနဲ့ ပွဲစဉ်မှာတော့ အကောင်းဆုံးပုံစံတစ်ခုကို မရခဲ့ဘဲ Milner ရဲ့ ပင်နယ်တီသွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရခဲ့ပြီး ဆွမ်ဆီးနည်းပြ Ggarry Monk ကို ဖိအားတွေ ပိုတိုးစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီအပတ်မှာ အသင်းကြီးအများစု အမှတ်တွေ ဆုံးရှုံးခဲ့တာကြောင့် လီဗာပူးလ်ရဲ့ နိုင်ပွဲက အဖိုးတန်ခဲ့ပြီး ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ခြောက်မှတ်သာ ကွာဟတော့တာလည်းဖြစ်ပါတယ်။
" သုံးပွဲဆက်အနိုင်ကြောင့် ပျော်ခဲ့ရသလို လေးပွဲဆက်အနိုင်ကိုလည်း ထပ်ယူနိုင်အုံးမယ်လို့ ထင်ပါတယ်။ ဆွမ်ဆီးအသင်းဆီကကျွန်တော်တို့ ဘောလုံးရဖို့ အရမ်းခက်ခဲခဲ့ပါတယ်။ နည်းပြကတော့ သူများအသင်းကို အာရုံမစိုက်ခိုင်းဘဲနဲ့ ကိုယ့်အသင်းပေါ်မှာ အာရုံစိုက်ပြီး တည်ငြိမ်မှုကို ရယူခိုင်းပါတယ်။ ကျွန်တော်တို့ ပြိုင်ပွဲကို အနိုင်ရဖို့ကိုသာ ထိန်းသိမ်းခိုင်းထားပြီး အနိုင်သုံးမှတ်ရဖို့ကိုပဲ စဉ်းစားခိုင်းထားပါတယ်။ ကျွန်တော်ကတော့ နိုင်ပွဲကြောင့် အရမ်းပျော်ခဲ့ပြီး ဇယားထိပ်ပိုင်းကို တက်လာနိုင်ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ဖိုပဲ အာရုံစိုက်ထားပါတယ် " လို့ Ibe က ထပ်ပြောခဲ့ပါတယ်။
အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ Gerrard ကတော့ မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းမှာ လီဗာပူးလ်အသင်းသားတွေနဲ့အတူ လေ့ကျင့်ရေးဆင်းခဲ့ပြီး နည်းပြ Klopp နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
(Paing A K)
# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Dailymail
0 comments :
Post a Comment