Powered by Blogger.

Guardiola ကို အသင်းမှာပဲဆက်ရှိနေမယ်လို့ မျှော်လင့်နေတဲ့ Robben



ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်ကစားသမား Arjen Robben ဟာဆိုရင် သူတို့ရဲ့ လက်ရှိနည်းပြ Pep Guardiola ကို လက်ရှိစာချုပ်သက်တမ်း ကုန်ဆုံးသွားရင်တောင် အသင်းမှာပဲဆက်ရှိနေမယ်လို့ မျှော်လင့်လျက်ရှိတယ်လို့ သိရပါတယ်။ ကတ်တလန်သားတွေရဲ့ နည်းပြဟောင်းဟာ ဘာဗေးရီးယန်းတွေနဲ့ ယခုရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး နောက်လာမယ့် သူ့ရဲ့အနာဂတ်ကို မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။


စပိန်ရေဒီယို Cope ရဲ့ သတင်းတွေအရတော့ Guardiola ဟာ မန်စီးတီးအသင်းနည်းပြအဖြစ် လုပ်ဆောင်ဖို့အတွက် သဘောတူညီမှုတွေ ရယူထားပြီး မန်ယူအသင်းကိုလည်း ကိုင်တွယ်သွားနိုင်တဲ့ အလားအလာတွေမှာ ရှိနေတယ်လို့ သိရပါတယ်။


ဘိုင်ယန်မြူးနစ်အားပေးသူတွေနဲ့ တွေ့ဆုံပွဲမှတော့ အသင်းရဲ့ နယ်သာလန်တောင်ပံကစားသမား Robben ကတော့ " ကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ကို ရထားတယ်။ ကစားသမားတွေ အားလုံးကလည်း သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်သေးတယ်။ သူနဲ့ အလုပ်လုပ်ရတာ ပျော်စရာကောင်းတယ်။ သူက နည်းစနစ်ပိုင်းမှာတော့ ဆရာတစ်ဆူဖြစ်တယ်လို့ သူဘိုင်ယန်မှာ ရှိနေတုန်းလေး ပြောပြချင်ပါတယ်။ သူက ဘိုင်ယန်မြူးနစ်အတွက်လည်း အသင့်တော်ဆုံးလူတစ်ယောက်ပါ " လို့  ပြောပါတယ်။



Guardiola ဟာ အလိုင်းယန့်အရီနာကို ၂၀၁၃ ခုနှစ်အတွင်းက ရောက်ရှိခဲ့ပြီး အဲ့အချိန်ကတော့ Robben က အသင်းပြောင်းဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၃၂ အတွင်းကို ရောက်ရှိတော့မယ့် Robben ဟာ အသင်းပြောင်းဖို့ စိတ်ကူးလုံးဝမရှိခဲ့ဘဲနဲ့ သူ့ရဲ့ စာချုပ်သက်တမ်းရှိသလောက် အသင်းမှာပဲ ပေးဆပ်သွားမယ်လို့ ပြောပါတယ်။


" အသင်းကနေ ထွက်ခွာရမယ့် အပြောင်းအရွှေ့သတင်းတွေကို ကျွန်တော် တွေးတောင်မတွေးခဲ့ပါဘူး။ ကျွန်တော် မြူးနစ်မှာ ပျော်နေသလို မိသားစုလည်း မြူးနစ်မှာ ပျော်နေပါတယ်။ ကျွန်တော့် စာချုပ်သက်တမ်းကတော့ ၂၀၁၇ အထိ ရှိနေမှာဖြစ်ပြီး ဘောလုံးလောကမှာ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ မသိပါဘူး။ အခုလောလောဆယ်တော့ အားလုံးအဆင်ပြေပါတယ်။ ဒီလိုပဲ ရှေ့ဆက်နိုင်မယ်လို့ မျှော်လင့်ပါတယ် " လို့ Robben က သူ့အနာဂတ်နဲ့ ပတ်သက်ပြီးလည်း ပြောပြသွားပါတယ်။



(Paing A K)

#သစ်ထူလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment