Powered by Blogger.

အပြောင်းအရွှေ့တွေမှာ အေးဂျင့်ကြေး ပေါင် သန်း ၁၃၀ အထိ ရောက်လာတဲ့ ပရီးမီးယားလိဂ်





ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ အတွက်ဆိုရင်တော့ ခေါ်ယူလိုတဲ့ ကစားသမားရဲ့ အနီးကပ်ဆုံး အေးဂျင့်တစ်ယောက်ကို အပြောင်းအရွှေ့ဖြစ်လာအောင် လုပ်ပေးဖို့ အကျိုးဆောင်ခိုင်းရပါတယ်။ ခေါ်ယူလိုတဲ့ အသင်းနဲ့ ကစားသမားကြားမှာ လိုသလို ချိန်ညှိမှုတွေ ပြုလုပ်ပေးပြီး သဘောထားမတိုက်ဆိုင်မှုတွေကို ပြေလည်အောင် ညှိနှိုင်းပေးရပါတယ်။ သူတို့ဟာ အနည်းငယ်တော့ အလုပ်ရှုပ်ရပေမယ့်လည်း အပြောင်းအရွှေ့သာ အမှန်တကယ်ဖြစ်ပေါ်သွားပြီးဆိုရင်တော့ အကျိုးဆောင်ခ မြိုးမြိုးမြက်မြက်ရသွားကြပါတယ်။


ဒါ့ကြောင့် စံချိန်တင်ငွေကြေးသုံးစွဲမှုတွေကို အမြဲပြုလုပ်နေတတ်တဲ့ ပရီးမီးယားလိဂ်မှာတော့ အေးဂျင့်တွေကို ပေးချေရတဲ့ ငွေကြေးကလည်း သိသိသာသာမြှင့်တက်လာပါတယ်။ အပြောင်းအရွှေ့နှစ်ခုအတွင်းမှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ အေးဂျင့်ကြေး ပမာဏဟာ ပေါင်သန်း ၁၃၀ အထိ ရှိလာတယ်လို့ သိရပါတယ်။ ကလပ်အသင်း ၂၀ လုံးက လှိုက်လှိုက်လှဲလှဲ သုံးစွဲခဲ့လို့သာ ဒီလို မယုံနိုင်စရာငွေကြေးတွေ ဖြစ်ပေါ်လာရတာပါ။ ဒီအေးဂျင့်ကြေးဟာ မနှစ်ကထက် ပေါင် ၁၅ သန်း တိုးလာတာဖြစ်တယ်လို့လည်း သိရပါတယ်။


ဒီစာရင်းဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းကနေ ၂၀၁၅ အောက်တိုဘာလအထိ အပြောင်းအရွှေ့ကာလနှစ်ခုအတွင်း သုံးစွဲခဲ့တဲ့ အေးဂျင့်ကြေးတွေကို တွက်ချက်ခဲ့တာပါ။ ဒီစာရင်းမှာတော့ အနည်းဆုံးသုံးစွဲခဲ့တဲ့ ဝက်ဒ်ဖို့ဒ်အသင်းကတောင် ပေါင် ၁.၅ သန်း သုံးစွဲခဲ့ပြီး ကျန်တဲ့အသင်းတွေ အားလုံးကတော့ ပေါင် ၂ သန်း အထက် သုံးစွဲခဲ့ကြပါတယ်။  လီဗာပူးလ်အသင်းက ပေါင် ၁၄ သန်းကျော်နဲ့  ထိပ်ဆုံးနေရာက ဦးဆောင်လျက်ရှိပြီးတော့ နံပါတ်နှစ်နေရာမှာ မန်ယူက ပေါင် ၁၃ သန်း ၊ တတိယနေရာမှာတော့ မန်စီးတီးအသင်းက ပေါင် ၁၂ သန်း နဲ့ ချယ်လ်ဆီးအသင်းကတော့ ပေါင် ၁၁.၉၆ သန်းကျော်နဲ့ အဆင့်လေးကို ဖြည့်စွက်လိုက်ပါတယ်။

ထူးခြားချက်အနေနဲ့တော့ အဆင့်ငါးနေရာက အာဆင်နယ်အသင်းဟာ ကစားသမားဖြစ်ဖြစ်မြောက်မြောက် ခေါ်ယူမှုသိပ်မရှိခဲ့ပေမယ့် သူတို့အသင်းရဲ့ အေးဂျင့်ကြေးက ပေါင် ၁၂ သန်းနီးပါးအထိ ရောက်ရှိနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် အာဆင်နယ်အသင်းဟာ ဂိုးသမား Petr Cech ကို ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့မှာ အေးဂျင့်ကြေး အဆမတန်ပေးချေလိုက်ရတယ်လို့ သံသယရှိနေကြပြီး ဝက်စ်ဟမ်းအသင်းကလည်း ပြင်သစ် ကစားသမား Payet ကို ခေါ်ယူခဲ့ရာမှာ အေးဂျင့်ကြေး ပမာဏကို များများပေးချေလိုက်ရနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။




အေးဂျင့်ကြေး ပေးချေမှု အများဆုံး ထိပ်ဆုံး(၁၀)သင်း
==============================

၁. လီဗာပူးလ်    (ပေါင် ၁၄.၃ သန်း)
၂. မန်ယူ          (ပေါင် ၁၃.၈ သန်း)
၃. မန်စီးတီး      (ပေါင် ၁၂.၄ သန်း)
၎. ချယ်လ်ဆီး   (ပေါင် ၁၁.၉၆ သန်း)
၅. အာဆင်နယ် (ပေါင် ၁၁.၉၂ သန်း)
၆. ဝက်စ်ဟမ်း   (ပေါင် ၇ သန်း)
၇. စပါး            (ပေါင် ၅.၉ သန်း)
၈. နယူးကာဆယ် (ပေါင် ၅.၉ သန်း)
၉. ဆောက်သမ်တန် (ပေါင် ၅.၃ သန်း)
၁၀. စတုတ်စီးတီး  (ပေါင် ၅.၃ သန်း)





(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
 
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment