Powered by Blogger.

ဒဏ်ရာရခဲ့တဲ့ စပါးကွင်းလယ်လူ Mason





ဝှိုက်ဟတ်လိန်းကွင်းမှာ ချယ်လ်ဆီးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့  လန်ဒန်ဒါဘီ ပွဲစဉ်မှာတော့ စပါးအသင်းကွင်းလယ်လူ Mason ဟာ ဒူးဒဏ်ရာရခဲ့ပါတယ်။ သူဟာ ဒဏ်ရာရအပြီးမှာတော့ protective boot ကို ဝတ်ဆင်ထားခဲ့ရပြီး ဒဏ်ရာက အနည်းငယ်ပြင်းထန်နိုင်တယ်လို့ သိရပါတယ်။


 သူဟာ ပွဲချိန် ၅၆ မိနစ်မှာ ချယ်လ်ဆီးကစားသမားတွေ ကြားထဲမှာ လဲကျခဲ့ပြီးနောက်မှာတော့ အခုလို ခြေထောက်ဒဏ်ရာရခဲ့ပြီး အသင်းကတော့ ဒဏ်ရာအခြေအနေကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အသက် ၂၄ နှစ်အရွယ် အင်္ဂလန် ကွင်းလယ်ကစားသမားရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီးတော့ နည်းပြ Pochettino ကတော့ မှတ်ချက်မပေးခဲ့ဘဲ အသင်းအတွက်တော့ အရေးပါတဲ့ ဒဏ်ရာတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။


သူဟာ ညာခြမ်းကနေ ဘောလုံးဆွဲပြေးလာတဲ့ အချိန်မှာ မြက်ခင်းပြင်နဲ့ ခြေခေါက်လဲကျခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းကစားသမား တစ်ယောက်နဲ့မှ ထိခိုက်မိခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ သူဟာ ဒီရာသီမှာ နှစ်ကြိမ်မြောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဒူးဒဏ်ရာတုန်းကလည်း တစ်လကျော်ကြာ အနားယူခဲ့ရတယ်လို့ သိရပါတယ်။ သူဟာ စပါးအသင်းရဲ့ ပွဲစဉ် ၁၄ ပွဲမှာ ၁၀ ပွဲအထိပါဝင်ကစားထားခဲ့ပြီး နည်းပြ Pochettino ရဲ့ ကစားကွက်မှာတော့ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်နေခဲ့ပါတယ်။


 စပါးအသင်းဟာ သရေရလဒ်ကြောင့် ဇယားထိပ်ပိုင်းအသင်းကြီးတွေနဲ့ အမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့ပြီးတော့ အဆင့်ငါးနေရာမှာ မန်ယူနဲ့ပွဲကလွဲလို့ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ရယူနိုင်ခဲ့တာပါ။ စပါးအသင်းကတော့ ဒဏ်ရာရစာရင်းမှာ အခြားအသင်းတွေနဲ့ ယှဉ်ရင်တော့ ကစားသမားဦးရေနည်းပါးလျက်ရှိပြီး ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ပုံစံတစ်ခုကို ပြသထားနိုင်ခဲ့ပါတယ်။




(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment