Powered by Blogger.

Ballon d’Or နောက်ဆုံးဆန်ကာတင်စာရင်းမှာ ပါနိုင်မယ်လို့ မျှော်လင့်နေတဲ့ Neymar




ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမား (Ballon d’Or ) ရဲ့ နောက်ဆုံး ဆန်ကာတင် သုံးယောက်မှာ သူပါဝင်လာလိမ့်မယ်လို့ မျှော်လင့်မိတယ်လို့ အကောင်းဆုံးပုံစံရနေတဲ့ ဘာစီလိုနာတိုက်စစ်မှူး Neymar ကမျှော်လင့်လျက်ရှိပါတယ်။ ဒါ့အပြင် သူနဲ့ တိုက်စစ်အတွဲအဖက် ကစားသမားတွေဖြစ်တဲ့ Messi , Suarez တို့နဲ့အတူ ဒီဆုအတွက် ဆန်ကာတင် သုံးယောက်မှာ သူနဲ့အတူတကွ ပါဝင်လိမ့်မယ်လို့ ဆိုပါတယ်။


ဘာကာတိုက်စစ်မှူး Messi ကတော့ ဆုအတွက် ရေပန်းအစားဆုံးဖြစ်နေပြီး လေးကြိမ်မြောက် ရယူနိုင်လိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။ ဒါ့အပြင် Neymar ဟာလည်း မက်ဆီရဲ့နောက် ဒုတိယနေရာကနေ ရီးရဲလ်စတား Ronaldo ကို ကျော်ဖြတ်ပြီး ဆန်ကာတင်စာရင်းထဲမှာ ပါဝင်လာနိုင်လိမ့်မယ်လို့ ထင်နေတဲ့ ပရိသတ်အရေအတွက်ကလည်း မြှင့်တက်လျက်ရှိပါတယ်။

Neymar ဟာ စနေနေ့က ဆိုစီဒက်အသင်းကို လေးဂိုးပြတ်နဲ့နိုင်ခဲ့တဲ့ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ယခုရာသီ လာလီဂါရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ သွင်းဂိုး ၁၄ ဂိုးနဲ့ ဦးဆောင်လျက်ရှိနေပါတယ်။ သူဟာ ယခု ၂၀၁၅ ခုနှစ်အတွင်းမှာ သွင်းဂိုး ၄၁ ဂိုးအထိရှိလာပြီး လာလီဂါ ၊ ကိုပါဒယ်ရေးဖလား ၊ ချန်ပီယံလိဂ်ဖလားနဲ့ ဥရောပစူပါဖလားတို့ကို ဘာစီလိုနာအသင်းနဲ့အတူ ရယူနိုင်ခဲ့ပါတယ်။


ဒါ့အပြင် ဒီဇင်ဘာလအတွင်း ဂျပန်မှာ ကစားမယ့် ဖီဖာ ကမ္ဘာ့ကလပ်များဖလားမှာလည်း ဘာကာအသင်းက ဗိုလ်စွဲဖို့ ရေပန်းစားနေပြီး ၂၀၁၅ ခုနှစ်အတွင်း ငါးလုံးမြောက်ဖလားအဖြစ် ရယူနိုင်ဖို့ အခြေအနေကောင်းလျက် ရှိပါတယ်။

" ကျွန်တော် (Ballon d’Or ) ရဲ့ နောက်ဆုံး ဆန်ကာတင်စာရင်းမှာ ကျွန်တော်လုပ်ပြနိုင်ခဲ့တာတွေကြောင့် ပါဝင်လာမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ သုံးယောက် (MSN တိုက်စစ်) လုံး ဆန်ကာတင်မှာ ပါလာရင်တော့ အရမ်းကို ပျော်မိပါလိမ့်မယ်။ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးနေရာမှာ သုံးယောက်လုံး ပါဝင်လာသင့်ပါတယ် " လို့ Neymar က


သူဖြစ်ချင်တဲ့ အခြေအနေကို ပြောပြခဲ့ပါတယ်။၂၀၁၅ ခုနှစ်အတွင်းမှာ MSN တိုက်စစ်အတွဲဟာ စုစုပေါင်း ၁၂၅ ဂိုးအထိ သွင်းယူထားနိုင်ပြီး Messi က ၄၄ ဂိုး ၊ Suarez က ဂိုး ၄၀ နဲ့ Neymar က ၄၁ ဂိုးအထိ သွင်းယူထားပေးနိုင်တာပါ။ Ballon d’Or ဆုအတွက် နောက်ဆုံးသုံးယောက်စာရင်းကို မကြာခင်မှာ ထုတ်ပြန်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။



(Paing A K)

#သစ်ထူလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment