Powered by Blogger.

သားဖြစ်သူနဲ့ gym ကစားခဲတဲ့ Ronaldo





ရီးရဲလ်မက်ဒရစ်စတား Ronaldo ကတော့ ပွဲမတိုင်ခင် Gym ကစားနေတဲ့ အချိန်မှာ သားဖြစ်သူနဲ့အတူ လေ့ကျင့်နေတဲ့ ဓာတ်ပုံကို သူ့ရဲ့  Instagram စာမျက်နှာမှာ ဝေမျှလိုက်ပါတယ်။ ပေါ်တူဂီစတားဟာ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းတွေ ကျဆင်းနေတာကြောင့် ဝေဖန်ခံနေရပြီး သူ့ရဲ့ အကောင်းဆုံး အခြေအနေတစ်ခုကို ပြန်ရောက်နိုင်ဖို့ မနားမနေ ကြိုးစားနေတာပါ။ အိုက်ဘာအသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ဘဲ ပင်နယ်တီကသာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေ ပိုမိုမြှင့်တက်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း Ronaldo ကတော့ သားဖြစ်သူနဲ့အတူ စိတ်ဖိစီးမှုတွေကို ချေဖျက်လေ့ရှိပြီး အခုဆိုရင်လည်း သားအဖနှစ်ယောက် Gym ကစားနေကြတဲ့
ဓာတ်ပုံတွေကို ဝေမျှလိုက်တာလည်း ဖြစ်ပါတယ်။ နှစ်ယောက်လုံးကတော့ ကင်မရာကို စိုက်ကြည့်နေခဲ့ကြပြီး "genetics" လို့ ညွှန်းဆိုထားပါတယ်။ Ronaldo ကတော့ သားဖြစ်သူကို ဘောလုံးနည်းစနစ်တွေနဲ့ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေကို အချိန်ပေးပြုလုပ်ပေးလေ့ရှိပြီး သူ့လိုပဲ ဘောလုံးအားကစားမှာ ထူးချွန်စေချင်တယ်လို့ သိရပါတယ်။


Ronaldo ဟာ သားဖြစ်သူပေါ်မှာ အတော်လေးကို မေတ္တာထားပြီး ဂရုစိုက်လေ့ရှိပေမယ့် မိခင်ဖြစ်သူက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကတော့ လျှို့ဝှက်ထားဆဲဖြစ်ပါတယ်။ 
မီဒီယာတွေကလည်း သားဖြစ်သူဟာ အဖေဆီက ပညာအမွေတွေကို ဆက်ခံနေတယ်လို့ ရေးသားခဲ့ကြပြီး အသက် ငါးနှစ်အရွယ် ဂျူနီယာလေးကတော့ ဖအေတူ ဘောလုံးသမားတစ်ယောက် ဖြစ်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။


(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment