Powered by Blogger.

Sanchez ကို အနားမပေးခဲ့မှုနဲ့ ပတ်သက်ပြီး Henry ဝေဖန်



မနေ့ညက ကစားခဲ့တဲ့ နောဝစ်ခ်ျအသင်းနဲ့ပွဲစဉ်မှာတော့ Sanchez ဟာ ပေါင်ဒဏ်ရာရခဲ့ပြီး အနားယူရတော့မှာပါ။ ဒါ့ကြောင့် အာဆင်နယ် ကစားသမားဟောင်း Henry ကတော့ ဒီလိုခြေစွမ်းကောင်းတဲ့ ကစားသမားတစ်ယောက်ကို ဒဏ်ရာရသည်အထိ ကစားခိုင်းခဲ့တာကို ဝေဖန်လိုက်ပါတယ်။

ဒီရာသီမှာတော့  ချီလီကစားသမားဟာ ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ ပွဲပေါင်းများစွာ ဆက်တိုက် ကစားခဲ့ရပါတယ်။ ဒါ့ကြောင့် Sanchez ရဲ့ ယခုရာသီ ပရီးမီးယားလိဂ်ကစားချိန်ဟာ မိနစ် ၁၀၀၀ ကျော် အထိ ရောက်ရှိသွားပြီ ဖြစ်ပြီါ် ပွဲပန်းနေတဲ့ ဒဏ်ရာကြောင့် နောဝှစ်ခ်ျစီးတီးအသင်းနဲ့ ကစားချိန် တစ်နာရီလောက်မှာပဲ ပေါင်ကြွက်သားဒဏ်ရာ ရခဲ့တာလည်း  ဖြစ်ပါတယ်။

" မင်းအဆင်ပြေရဲ့လားလို့ Sanchez ကို မေးရင်တော့  yes လို့ပဲ သူဖြေလိမ့်မယ်။  သူသာ no လို့ဖြေခဲ့ရင် အသင်း Line-up ကနေ သူ အကြာကြီးပျောက်သွားမှာပါ။  အာဆင်နယ်ကို သူရောက်နေတာကတော့ ကောင်းကောင်းမွန်မွန်ကစားနိုင်ဖို့ပါ။ ဒါပေမဲ့ ခင်ဗျားတို့ သူ့ကို ခဏအနားပေးချင်ရင် ဘာမှ မေးနေဖို့ လိုမယ်လို့ မထင်ပါဘူး။သူ့ကို ခဏအနားပေးမယ်လို့ပဲ ပြောလိုက်ရင်ရပါတယ်။ကစားသမားဘက်ကကြည့်ရင်လည်း ခြေစွမ်းပြနိုင်လေ ပွဲများများ ကစားနေချင်လေပဲပေါ့။ ကျွန်တော် ကစားသမားဘ၀တုန်းကလည်း သူ့လိုပါပဲ လုံးဝမနားချင်ခဲ့ဘဲ တစ်ရာသီလုံး ကစားချင်နေခဲ့တယ်။" လို့  နည်းပြ  Arsene Wenger အနေနဲ့ Alexis ကို လူစားမလဲခဲ့တာနဲ့ပတ်သက်ပြီး Henry က ဝေဖန်ခဲ့တာပါ။

 တနင်္ဂနွေညတစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာတော့ Henry က " ကျွန်တော်က နည်းပြတစ်ယောက်လည်း မဟုတ်သလို ၊ ကစားသမားရဲ့ ဖိအားတွေကိုလည်း မသိပါဘူး။ ဒါပေမယ့် ဒိုင်နမိုဇာဂက်ဘ်လို လွယ်ကူခဲ့တဲ့ ပွဲစဉ်ရဲ့ မိနစ်နှစ်ဆယ်လောက်မှာတင် သူ့ကို အနားပေးသင်ခဲ့တယ်။ အခုလို ဒဏ်ရာပေါ်လာမှပဲ လူစားလဲသင့်တယ်လို့ ပြောရင်လည်း ဘာမှမထူးတော့ပါဘူး။ သင်ခန်းစာတော့ ရသင့်ပါတယ် " လို့ ခပ်မာမာပဲ ဝေဖန်ခဲ့ပါတယ်။




(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : SKYsports
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment