Powered by Blogger.

Ibrahimovic က အာဆင်နယ်နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေ





ပီအက်စ်ဂျီတိုက်စစ်မှူး Ibrahimovic ဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် စတင်ပြီးဆွေးနွေးမှုတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။ Zlatan ဟာ ဆိုရင်တော့ ပီအက်စ်ဂျီအသင်းကနေ ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး အနားမယူခင်မှာ သူမျှော်မှန်းထားသလို ကစားချင်နေတာလည်းဖြစ်ပါတယ်။

သူ့ရဲ့ ရွှေရောင်အောင်မြင်မှုတွေကို အင်တာမီလန် ၊ ဘာစီလိုနာ ၊အေစီမီလန် ၊ ပီအက်စ်ဂျီစတဲ့ အသင်းတွေမှာ ရယူနိုင်ခဲ့တဲ့နောက်မှာတော့ ပရီးမီးယားလိဂ်မှာလည်း စိန်ခေါ်မှုအသစ်တွေနဲ့ အောင်မြင်မှုတွေကို ရယူနိုင်ဖို့အတွက် စိတ်ကူးနေတာလည်း ဖြစ်ပါတယ်။

သူဟာ ပထမ အကြိမ်မှာတော့ မန်ယူအသင်းမှာ ကစားဖို့အတွက် တာစူနေခဲ့ပေမယ့်လည်း ဒုတိယအကြိမ်ဆွေးနွေးမှုမှာတော့ အာဆင်နယ်အသင်းမှာ သွားရောက်ကစားဖို့ ဆွေးနွေးနေတာဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ အာဆင်နယ်အသင်းကလည်း လိုအပ်နေတဲ့ တိုက်စစ်မှူးနေရာအတွက် Zlatan ကို အမှန်တကယ်ခေါ်ယူလိမ့်မယ်လို့ ပြောကြပါတယ်။ သူ့ရဲ့ ဆရာဟောင်းဖြစ်တဲ့ Ancelotti , Guardiola နဲ့ Mourinho တို့ကိုလည်း လက်တွဲခဲ့သမျှထဲမှာ အကောင်းဆုံးနည်းပြတွေ ဖြစ်တယ်လို့ ပြောပြခဲ့ပြီး ပရီးမီးယားလိဂ်မှာ မကစားဘူးလို့ မပြောနိုင်ဘူးလို့လည်း ပြောပါတယ်။

" အခွင့်အရေးရရင်တော့ ပရီးမီးယားလိဂ်အသင်းတွေမှာ သွားရောက်ကစားမှာဖြစ်ပြီး ကစားသမားအဆုံးသတ်ချိန်ကိုတော့ ရေခြားမြေခြားလိဂ်တစ်ခုမှာ အဆုံးသတ်သွားမယ် " လို့ ပြောပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment