Powered by Blogger.

လီဗာပူးလ်နောက်ခံလူ Skrtel ခြောက်ပတ်ခန့် နားရဖွယ်ရှိနေ


လီဗာပူးလ်အသင်းရဲ့ ဆလိုဗက်ကီးယားနောက်ခံလူ Martin Skrtel ဟာ ဝက်ဒ်ဖို့အသင်းကို သုံးဂိုးဂိုးမရှိနဲ့ ရှုံးနိမ်ခဲ့တဲ့ ပွဲစဉ်မှာ ပထမပိုင်းအပြီးမှာတင် လူစားလဲခဲ့ရပါတယ်။ အဲ့နောက်မှာတော့ သူ့ရဲ့ ဒဏ်ရာကို စစ်ဆေးခဲ့ကြပြီး ဒဏ်ရာဟာ ပြင်းထန်တဲ့ တံကောက်ကြောဒဏ်ရာဖြစ်ပြီး ကာလရှည်ကြာအနားယူရဖွယ်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။ ဒါဟာ ရလဒ်တွေဆိုးနေတဲ့ လီဗာပူးလ်အသင်းအတွက်တော့ သတင်းဆိုးဖြစ်ခဲ့ရပြီး အသင်းရဲ့ နောက်တန်းတံတိုင်းတစ်ခု မရှိတော့သလိုတောင် ခံစားရတယ်လို့ လီဗာပူးလ်ပရိသတ်တွေက ပြောပါတယ်။

သူဟာ ဒဏ်ရာအခြေအနေပေါ်မူတည်ပြီး နှစ်လလောက်အထိ အနားယူရဖွယ်ရှိနေပေမယ့်လည်း သေချာတာကတော့ သူဟာ လာမယ့်ဖေဖော်ဝါရီလလောက်အထိ အသင်းမှာ ပြန်ပြီး ပါဝင်နိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ Skrtel ကတော့ "ကျွန်တော်လည်း ဒဏ်ရာအခြေအနေကို အတိအကျမသိရသေးဘူး။ ကျွန်တော်မျှော်လင့်မိတာကတော့ သုံးလလောက်မဖြစ်ပါစေနဲ့ပေါ့။ ကျွန်တော့်ရဲ့ တံကောက်ကြောအရွတ်က စုတ်ပြဲသွားတာဖြစ်ပြီး ခြောက်ပတ်လောက်တော့ အနားယူရအုံးမယ်။ ကျွန်တော် ပြန်ကောင်းလာဖို့ တတ်နိုင်သမျှမှန်မှန် ကြိုးစားသွားမယ်။ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ကျေးဇူးတင်ပါတယ်  " လို့ sky sports ကို ပြောပါတယ်။

Skrtel ဟာ အနားယူရမယ့်ခြောက်ပတ်အတွင်းမှာ လက်စတာ ၊ ဆန်းဒါးလန်း ၊ ဝက်စ်ဟမ်း ၊ အာဆင်နယ် ၊ မန်ယူနဲ့ နောဝစ်ခ်ျအသင်းတို့ရဲ့ ပွဲစဉ်တွေကို လွဲချော်သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။




( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : SkySports
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment