Powered by Blogger.

အသင်းရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်တယ်လို့ Rooney ကြုံးဝါး



မန်ယူအသင်းခေါင်းဆောင် Wayne Rooney ဟာ မန်ယူအသင်းကို အကျပ်အတည်းကနေ ပြန်လည်ပြီး ကယ်တင်နိုင်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့ ကြုံးဝါးလိုက်ပါတယ်။ သူဟာ အသင်းသားတွေကိုလည်း အခြေအနေဆိုးတွေမှာ ပြန်လည်ပြီး စုစုစည်းစည်းနဲ့ ခြေစွမ်းပြ ကြဖို့ကိုလည်း ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ ၁၇ နှစ်အတွင်းအဆိုးဆုံးရလဒ်တွေကို ရင်ဆိုင်ရပြီးတဲ့နောက်မှာ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ခေါ်ယူခဲ့ပြီးနောက်မှာ Rooney က အခုလို ကြုံးဝါးလိုက်တာလည်း ဖြစ်ပါတယ်။

မန်ယူနည်းပြ Van Gaal ဟာ ဘောက်ဆင်ဒေးမှာ ကစားရမယ့် စတုတ်စီးတီးအသင်းနဲ့ ပွဲစဉ်ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ မန်ယူနည်းပြနေရာမှာ အာမခံချက်မရှိနိုင်တော့ဘူးလို့ သတင်းတွေထွက်လာပြီးတဲ့နောက်မှာ ကစားသမားတွေဟာ အခုလိုရလဒ်ဆိုးတွေကို ပြောင်းလဲပစ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ယူနိုက်တက်ဟာ Van Gaal ရဲ့ နေရာမှာ ချယ်လ်ဆီးအသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ Mourinho ကို အစားထိုးမယ်လို့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး Mourinho ကလည်းမန်ယူနည်းပြနေရာကို ကိုင်တွယ်ဖို့ စိတ်ဝင်စားလျက်ရှိတယ်လို့လည်း သိရပါတယ်။

မန်ယူအမှုဆောင်ချုပ်ဟောင်း Ed Woodward ကတော့ Van Gaal ဟာ အခုလောလောဆယ်မှာတော့ နည်းပြရာထူးအတွက် ဘာမှစိုးရိမ်စရာမရှိသေးဘဲနဲ့ စတုတ်အသင်းနဲ့ပွဲစဉ်ရဲ့ ရလဒ်ကတော့ သူ့ရဲ့အနာဂတ်ကို သက်ရောက်လာနိုင်တယ်လို့တော့ ပြောပါတယ်။ မန်ယူအသင်းရဲ့ စီနီယာကစားသမားတွေကတော့ အခုလိုအခက်အခဲတွေကနေ အသင်းပြန်လည်ရုန်းထွက်နိုင်ဖို့ တိုင်ပင်ထားကြပြီး လာမယ့်ပွဲတွေမှာ အကောင်းဆုံးကစားသွားကြဖို့ တိုင်ပင်ထားကြတယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာဆိုရင်တော့ နည်းပြရာထူးအတွက် သတင်းအမျိုးမျိုးထွက်ပေါ်လျက်ရှိပြီး လက်ထောက်နည်းပြ Ryan Giggs ကိုလည်း နည်းပြချုပ်အဖြစ် ခန့်အပ်နိုင်သလို ချယ်လ်ဆီးနည်းပြဟောင်း Mourinho နဲ့လည်း ချိတ်ဆက်မှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။





( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment