Powered by Blogger.

ချန်ပီယံဆုကို ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်နေပြီဖြစ်တယ်လို့ Arsene Weger ပြော



ဂန်းနားတွေဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၀၀၄ နောက်ပိုင်းမှာ မရရှိနိုင်ခဲ့ဘဲ အလှမ်းဝေးနေခဲ့တာ ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ အခုအချိန်မှာတော့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးစွမ်းဆောင်ပြထားနိုင်ပြီး မန်စီးတီးအသင်းကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံဖြစ်ဖို့ ယုံကြည်မှုတွေ ပိုရှိလာပြီ ဖြစ်တယ်လို့ နည်းပြ Arsene Wenger က ပြောပါတယ်။ အာဆင်နယ်အသင်းဟာ ဒဏ်ရာပြဿနာတွေနဲ့ လူမစုံခဲ့ရပေမယ့်လည်း မန်စီးတီးနဲ့ပွဲမှာ အကောင်းဆုံးကစားပြနိုင်ခဲ့ပြီး Walcott နဲ့ Giroud တို့ရဲ့ ဂိုးတွေနဲ့အနိုင်ရခဲ့တာပါ။ ဒီလိုအနိုင်ဟာ အာဆင်နယ်အသင်းကို ချန်ပီယံဖြစ်စေနိုင်မယ့် စိတ်ဓာတ်ခွန်အားတွေ ပေးလိုက်တဲ့ အနိုင်ရလဒ်လည်း ဖြစ်ပါတယ်။

" ဒါဟာ ကျွန်တော်တို့ကို ယုံကြည်မှုတွေ ပေးခဲ့ပါတယ်။ ခွန်းအားတွေရောပေါ့။ ကျွန်တော်တို့ အသင်းက ဖိအားတွေအောက်ရောက်နေခဲ့ပေမယ့် ပိုတည်ငြိမ်တဲ့ ပုံစံမျိုးကို ပြသနိုင်ခဲ့တယ်။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့နှစ်တွေက ဒီထက်ကောင်းတဲ့ ပုံစံကောင်းကိုတောင် ပြသနိုင်ခဲ့တာ။ ဒါပေမယ့် အခုအချိန်မှာ အသင်းက အဓိက ကစားသမားတွေ အတော်များများကတော့ ဒဏ်ရာရနေတာ။ ဒီလိုအခြေအနေကနေတောင် အိုလံပီယာကော့စ်၊ ဗီလာနဲ့ မန်စီးတီးတို့ကို နိုင်ခဲ့လို့ ဝမ်းသာမိပါတယ် "

" ဒါဟာ အပေါင်း လက္ခဏာဆောင်ပါတယ်။ ကျွန်တော်တို့မှာရှိတဲ့ စိတ်ဓာတ်နဲ့ အရည်အသွေးတွေက အနိုင်သုံးမှတ်ကို ဆောင်ကျဉ်းပေးခဲ့တာပါ။ ကျွန်တော်တို့မှာ ခြေထောက်မရှိတော့ဘူးဆိုရင်တောင် စိတ်ဓာတ်နဲ့ အဆုံးထိရောက်အောင် သွားအုံးမှာပါ " လို့ Arsene Wenger က ပြောပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်ခြောက်ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ ခရစ္စမတ်ကာလမှာ အမြင့်ပျံခြေစွမ်းတွေကို တောက်လျှောက်တွေ့မြင်နေရပါတယ်။ မန်စီးတီးအသင်းကတော့ အသင်းခေါင်းဆောင် Kompany ဒဏ်ရာရပြီးတဲ့နောက်မှာ ခံစစ်ပိုင်းတွေ ယိုယွင်းနေပြီး ပေးဂိုးတွေလည်းများနေပါတယ်။ ဒါကိုတော့ မန်စီးတီးနည်းပြ Pellegrini က " ကျွန်တော်တို့ သူတို့ရဲ့ နည်းဗျူဟာတွေကို မသိခဲ့ဘူး။ သူတို့တအားကောင်းလွန်းခဲ့တယ်။ ကျွန်တော်တို့အသင်းကလည်း ချန်ပီယံပြေးလမ်းပေါ်က လွဲချော်သွားတာမဟုတ်သေးဘူး " လို့ ပြောပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment