Powered by Blogger.

Ibrahimovic ကို သူ့ရဲ့အသင်းမှာ လာကစားစေချင်တယ်ဆိုတဲ့ David Beckham


အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း David Beckham ဟာ အသင်းသစ်တစ်သင်းကို တည်ထောင်ထားနိုင်ပါပြီ။ မိုင်ယာမီအခြေစိုက်အသင်းဖြစ်ပြီး အသင်းပိုင်အားကစားကွင်းတွေကိုပါ တည်ဆောက်နိုင်ဖို့ David က ကြိုးစားနေပါတယ်။ အခုဆိုရင်တော့ Beckham ဟာ သူ့အသင်းရဲ့ ပုံရိပ်ကို မြှင့်တင်ပေးနိုင်ဖို့အတွက် နာမည်ကျော်ကစားသမားတစ်ယောက်ကို သူ့အသင်းမှာ လာကစားစေလိုနေပြီးတော့ ဆွီဒင်နာမည်ကျော်တိုက်စစ်မှူး Ibrahimovic ကို ပုဂ္ဂိုလ်ရေးရင်းနှီးမှုအရ ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။


သူတို့နှစ်ယောက်ဟာ ပီအက်စ်ဂျီအသင်းမှာ ၂၀၁၃ ခုနှစ်အတွင်းက အတူတူကစားခဲ့ဖူးကြပြီး မိုင်ယာမီအသင်းရဲ့ မန်နေဂျာဖြစ်သူက Ibrahimovic ကို ခေါ်ယူဖို့ အကြံပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ " ကျွန်တော်တို့အသင်းဟာ အားကစားကွင်းတစ်ခုကို တည်ဆောက်နိုင်ဖို့ အတွက် ခွင့်ပြုချက်လည်း ရယူနိုင်ခဲ့ပါပြီ။ ကွင်းကို တည်ဆောက်ဖို့ကတော့ သုံးနှစ်လောက်ကြာမြင့်အုံးမှာပါ။ Ibra ကို အဲ့ဒီအချိန်အထိ ကောင်းကောင်းကစားနိုင်အုံးမယ်လို့ မျှော်လင့်ပါတယ်။ သူဟာ နိုင်လိုစိတ်ပြင်းပြတဲ့သူဖြစ်ပြီး အသင်းမှာ လာကစားဖို့ကတော့ ဖြစ်နိုင်ပါသေးတယ်။" လို့ Beckham က ပြောပါတယ်။

Ibrahimovic ဟာလည်း အသက် ၃၄ နှစ်အရွယ်ရှိပြီ ဖြစ်ပေမယ့်လည်း အကောင်းဆုံးကစားနိုင်နေသေးပြီး ပီအက်စ်ဂျီအသင်းကနေ အခြားလိဂ်တစ်ခုကို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။ အကယ်လို့သာ Ibrahimovic က ပြောင်းရွှေ့ကစားခဲ့မယ်ဆိုရင်တော့ David က လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားမှာဖြစ်ပြီး မိုင်ယာမီအသင်းမှာ ပထမဆုံးသွားရောက်ကစားမယ့် နာမည်ကျော် ကစားသမားဖြစ်လာမယ်လို့ သိရပါတယ်။ David Beckham ဟာ သူ့ရဲ့အသင်းကို အကောင်းဆုံးမျှော်မှန်းထားပြီး အသင်းတည်ထောင်ဖို့ အကောင်အထည်ဖော်နေတာ ကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါတယ်။


( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Bleacher
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment