Powered by Blogger.

Mahrez ကို ခေါ်ယူသွားမယ်ဆိုတဲ့ မန်ယူ







လာမယ့် ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ကတော့ စိတ်ဝင်စားစရာ အပြည့်နဲ့ စောင့်ကြိုနေအုံးမှာပါ။ လူသစ်တွေ ခေါ်ယူမယ်လို့ လေသံပစ်ထားတဲ့ အသင်းတွေကလည်း ခပ်များများဆိုတော့ ဘယ်ကစားသမားတွေက ဘယ်လို ပြောင်းရွှေ့ကြေးတွေနဲ့  ရောက်ရှိလာအုံးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။


အခုလောလောဆယ်မှာတော့ မန်ယူအသင်းက လက်စတာမှာ ခြေစွာနေတဲ့ ကွင်းလယ်လူ Mahrez ကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ ဒီကစားသမားဟာ လက်စတာအသင်းမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသနေပြီး ပရီးမီးယားလိဂ်မှာ ၁၃ ဂိုးအထိ သွင်းယူထားနိုင်ပြီး အသင်းဖော် Vardy ရဲ့ ၁၅ ဂိုး နောက်မှာ ပရီးမီးယားလိဂ် ဒုတိယဂိုးသွင်းအများဆုံး ကစားသမားအဖြစ်ရပ်တည်လျက်ရှိပါတယ်။ သူဟာ တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ ထိုးဖောက်ပြီး  အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင်သာမကပဲ ကိုယ်တိုင်လည်း ဂိုးတွေသွင်းယူပေးထားနိုင်သူပါ။



သူ့ကိုတော့ မန်ယူနည်းပြ Van Gaal က သဘောကျလျက်ရှိပြီး ဂိုးမိုးခေါင်နေတဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံး ကူညီပေးနိုင်မယ့်သူလို့ ထင်နေပါတယ်။ Mahrez ကို ခေါ်ယူမယ်ဆိုရင်တော့ မန်ယူအသင်းအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်း ပေးချေရမှာဖြစ်ပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။ Mahrez ဟာ လက်ရှိအချိန်မှာတော့ လက်စတာအသင်းမှာပဲ ပျော်ရွှင်နေပြီး အသင်းပြောင်းဖို့ကို ရာသီကုန်မှသာ စဉ်းစားသွားမယ်လို့ ပြောပါတယ်။




( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment